အင်ဒိုနီးရှားနိုင်ငံက တောမီးလောင်မှုကြောင့် စင်္ကာပူနိုင်ငံမှာ ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ လေထုညစ်ညမ်းမှုအဆင့်ရှိကြောင့် အစိုးရက စင်္ကပူမှာရှိတဲ့ မူကြိုကျောင်းများ၊ အထူးပညာရေး ကျောင်းများ၊ မူလတန်းကျောင်းများ၊ အထက်တန်းကျောင်းများ အားလုံးကို ဒီကနေ့ ပိတ်လိုက်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းမှာ လေထုညစ်ညမ်းမှု Pollutant Standards Index (PSI)ဟာ အဆိုးဝါးဆုံး အရေးပေါ် အန္တရာယ်အဆင့်အခြေအနေဖြစ်တဲ့အတွက် ကျောင်းတွေကို ပိတ်ထားလိုက်တာဖြစ်ပါတယ်။
စင်ကာပူမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ကိုစောမျိုးမင်းလှိုင်ကတော့ လေထုညစ်ညမ်းမှု ကြောင့် ကျောင်းတွေ ပိတ်ပေမမယ့် အလုပ်မပိတ်တဲ့ မြန်မာနိုင်ငံသားတွေကတော့ အလုပ်တွေ သွားနေကြတယ်လို့ ပြောပါတယ်။
“မနေ့တုန်းက လေထုညစ်ညမ်းမှု PSI က ၃၀၀ ကျော်သွားတယ်။ အဲဒါ very unhealthy ပေါ့နော်။ ဆိုတော့ ဒီနေ့ ကျောင်းတွေလည်း ပိတ်တယ်။ အလုပ်တွေကတော့ ပိတ်တယ်လို့ ပြောသံမကြားဘူး။ မနက်ပိုင်းမှာတော့ အလုပ်သွားတဲ့လူတွေအကုန်လုံးကို Mask တပ်ခိုင်းတယ်။ ဒါပေမယ့် အခုချိန်မှာတော့ တော်တော်လေးကိုကျသွားပါပြီ။ မနေ့ညနေဆို တော်တော်ဆိုးပါ တယ်။ ကျနော်ကိုယ်တိုင်လည်းခံစားရပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်ကနေပြီးတော့ အပြင်လည်းထွက်ရောအသက်ရှူလို့ လုံးဝ မ၀ဘူးလေ။ အသက်ရှူမ၀တဲ့အပြင် မီးခိုးနံ့တွေရော၊ ညှော်နဲ့တွေရောဆိုတော့ လုံးဝ အသက်ရှူလို့မရဘူး။ အိမ်ခန်းထဲ အဲကွန်းထဲရောက်မှာ အသက်ရှူလို့ရတယ်။ အပြင်မှာဆိုရင် လုံးဝ မခံစားနိုင်ဘူး။”
ဒါ့အပြင် မနေ့ညနေပိုင်းကဆိုရင်လည်း အပြင်မှာအလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေ တော်တော်ကို ဒဏ်ခံစားခဲ့ကြရတယ်တယ်လို့လည်း ပြောပါတယ်။
လေထုညစ်ညမ်းမှုကြောင့် စင်ကာပူအစိုးရက နိုင်ငံသားအားလုံးကို mask ၂ခုစီ အခမဲ့ပေးခဲ့ပါတယ်။
ဒီကနေ့ လေထုညစ်ညမ်းမှု PSI အဆင့်ဟာ ၂၃၉ ကနေ ၂၉၄ အကြားရှိနေတယ်လို့ တယ်လို့ စင်ကာပူထုတ် သတင်းတွေမှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားမြောက်ပိုင်းဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် မလေးရှားနဲ့ စင်ကာပူ ဘက်မှာ လေထုညစ်ညမ်းမှု အခြေအနေဟာ ကျန်းမာရေး ထိခိုက်စေနိုင်တဲ့အဆင့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။
Source..http://burmese.dvb.no/
0 comments:
Post a Comment