ယင်လတ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုခေါင်းဆောင်လည်းဖြစ် ဆင်းဘီယာ အမွေဆက်ခံမယ့် အမျိုးသမီး ချစ်ပတ်စ် တန့်ဒရီဒါကောင်က ရဲတပ်ဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။
ကံမပါသလို ရဲတပ်ဖွဲ့တွေအကြားက စိုးရိမ်ပူပန်မှုနဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ လူမှုရေးပြဿနာတွေကို ရှောင်ရှားလိုတဲ့အတွက် ပြန်လည်ရုပ်သိမ်းလိုက်တာလို့ အသက် ၃၀ အရွယ် ဒီမိုကရက်တစ်ပါတီရဲ့ အရေးပါတဲ့အဖွဲ့ဝင် တန့်က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ရေးပါတယ်။
“လူထုကို ကာကွယ်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်ဖြစ်ဖို့နဲ့ ရဲယူနီဖောင်းဝတ်ဖို့ ကံမပါလို့ အရမ်းကို ကြေကွဲမိပါတယ်” လို့ ချစ်ပတ်စ်က ပြောပါတယ်။
လျှောက်ထားမှုအတွက် အစောပိုင်းက ကိုယ်ကာယ စစ်ဆေးမှုနဲ့ အင်တာဗျူးကို အောင်မြင်ခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့က အရည်အချင်း စစ်ဆေးတာကို စောင့်နေတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်ဖို့ ပုံမှန်အတိုင်း လျှောက်ထားခဲ့တာဖြစ်ပြီး ရွေးချယ်ခံရဖို့ဆိုတာ မသိရသေးဘူးလို့ တန့်က ပြောပါတယ်။
ရဲတပ်ဖွဲ့တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့ အခန်းကဏ္ဍကြောင့် ရဲတပ်ဖွဲ့တွေက ခန့်အပ်မှုကို ကန့်ကွက်ခဲ့ပါတယ်။
ချစ်ပတ်စ်က စင်းဘီယာ ဥက္ကဋ္ဌ ဂျူတီနန် ဘီဟီရောဟတ်ခ်ဒီရဲ့ သမီးဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ဘာကြောင့်ဖြစ်ချင်တာလဲဆိုတဲ့ အမေးကိုတော့ မဖြေသွားပါဘူး။
ချစ်ပတ်စ်က ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်ဖြစ်ပြီးနောက်ပိုင်း လူထု ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီကို ၀င်ဖို့အတွက် ပါတီကနေ နုတ်ထွက်ခဲ့ပါတယ်။
သူလျှောက်တဲ့ ရာထူးကတော့ အာဆီယံ စီးပွားရေး အသိုင်းအ၀န်းအတွက် ပြင်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ရာထူး ဖြစ်ပါတယ်။
ဒီနေရာဟာ အထူးရာထူးဖြစ်ပြီး ကျွမ်းကျင်သူတွေအတွက်သာဖြစ်တဲ့ ဒီနေရာကို ဖြည့်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချစ်ပတ်စ်က တဦးတည်း လျှောက်ထားတဲ့သူလား၊ လျှောက်ထားတဲ့သူ ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
Source...http://burmese.dvb.no/
0 comments:
Post a Comment