ဘဝကြီး မှာပျော်အောင်နေတတ်ဖို့ ဒီအချက်လေးတွေက အထောက်အကူပေးနိုင်မယ်ထင်ပါတယ် (လူတိုင်းဖတ်ကြည့်သင့်ပါတယ်)


လူတစ်ဦးချင်းကို ပျော်ရွှင်စေသည့် အချက်များက ဘာဆိုတာ ပုံသေကားကျ ချပြဖို့ မလွယ်ကူ။ ပျော်ရွှင်မှု ဟူသည် တစ်ဦးချင်းနှင့် သက်ဆိုင်သော ကိစ္စဖြစ်သလို၊ ကာလဒေသ အချိန်အခါကိုလိုက်၍ ပြောင်းလဲတတ်သော အရာလည်း ဖြစ်သည်။ ရှုပ်ထွေးမှုများ ရှိနေသည့်တိုင် အောက်တွင် အကြံပြုတင်ပြမည့် ပျော်ရွှင်မှု တိုးစေသည့် အချက်များကား လူတိုင်းအတွက် အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှုရှိမည်ကား သေချာသည်။ (လူတစ်ဦးနှင့် တစ်ဦး ကွာခြားချက်ကြောင့် အချို့အချက်များသည် ဖတ်သူကိုလိုက်၍ ဆန့်ကျင်ဘက် သဘော သက်ရောက်မှုလည်း ရှိနိုင်ကြောင်း ဦးစွာ ပြောကြားလိုပါသည်။)

အားလုံးနှင့် သက်ဆိုင်သော ယေဘုယျ အချက်များ

၁။ တစ်ရက်ကို ရှစ်နာရီလောက် နေထိုင်ဖြစ်သော နေရာတစ်ခုဖြစ်သည့် အိပ်ယာကို သပ်သပ်ရပ်ရပ်ရှိ အောင်ထားပါ။ အိပ်ယာကို မြင်ရတွေ့ရတာ စိတ်မကြည်လျှင် ကျန်သည့် ကိစ္စများမှာပါ စိတ်ကြည်ဖို့ မလွယ်။

၂။ စိတ်ပူနေတာများ စာတစ်ရွက်ပေါ် ချရေးပါ။ ပြီးလျှင် စာအိတ်ထဲ ထည့်သိမ်းထားပြီး တစ်လခန့်နေလျှင် ပြန်ထုတ်ဖတ်ပါ။ ကိုယ်စိုးရိမ်ခဲ့တာများ အလကားဆိုတာ သိလာမည်။ ကိုယ်လည်း ပူတတ် ပင်တတ်သည့်အကျင့် လျော့ပါးကာ စိတ်ပျော်ရွှင်စွာ နေတတ်လာမည်။

၃။ ကိုယ်လက်ရှိ လုပ်နေတာကို အာရုံစိုက်လုပ်ပါ။ ထိုနည်းသည် အလုပ်အမြန်ဆုံး ပြီးမြောက်အောင်မြင်နည်း ဖြစ်သလို စိတ်ကိုလည်း ပျော်ရွှင်စေသောနည်း ဖြစ်၏။

၎။ ရှုပ်ရှုပ်ပွေပွေ မနေဘဲ အိမ်ထောင်ဖက်နဲ့သာ လိင်စိတ်ဆန္ဒ ပြည့်ဝအောင် နေထိုင်ခြင်းသည် ဘ၀မှာ ပျော်ရွှင်စေနည်း တစ်နည်းဖြစ်သည်။

၅။ ခွေးလေး ကြောင်လေးများနဲ့ ပျော်ပျော်နေ တတ်ပါစေ။

၆။ ရပ်ကွက် သာရေးနာရေး အဖွဲ့အစည်းများမှာ စေတနာ့ဝန်ထမ်း ဆောင်ရွက်ခြင်းသည်လည်း စိတ်ကို ကြည်နူး ပျော်ရွှင်စေသလို မိတ်ဆွေ ပေါများခြင်း အကျိုးလည်း ရရှိမည်။

၇။ များများ ပြုံးပါ။

၈။ စိတ်ညှိုး နွမ်းနေချိန်မှာပင် အပြုံးတုကို ကြိုးစား ပြုံးကြည့်ခြင်းသည်လည်း ပျော်လာစေမည့် နည်းတစ်ခု ဖြစ်သည်။

၉။ ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လိုက်စားပါ။

၁၀။ ကျေးဇူးစကား ဆိုတတ်ပါစေ။ ကျေးဇူးတင်စရာကို ရေးမှတ်ကာ သက်ဆိုင်သူဆီ ပို့ပါလေ။

၁၁။ စိတ်ကို တက်ကြွ လန်းဆန်းစေသော သီချင်းများကို ရွေးချယ် နားဆင်ပါ။

၁၂။ များများရယ်လို့ ကျန်းမာရေး မထိခိုက်ပါ။

၁၃။ အနာဂတ်ကို ပိုတောက်ပ တိုးတက်သော အနေအထားဖြင့် မကြာမကြာ ပုံဖော်ကြည့်ပါ။

၁၄။ အပြာရောင်သည် စိတ်ကို တည်ငြိမ် ခွန်အားရှိအောင် လုပ်ပေးနိုင်သည်။ တတ်နိုင်သမျှ အပြာရောင်ရှိသော ၀န်းကျင်မှာ နေထိုင်ပါ။

၁၅။ တရားထိုင်ပါ။

၁၆။ ရုပ်ရှင်ကားကောင်းများ ရွေးချယ် ကြည့်ရှုခြင်းဖြင့်လည်း ဘ၀ကို ဆင်ခြင်မိလာစေသလို၊ စိတ်ကို ပျော်ရွှင်အောင်လည်း ထားတတ်လာမည်။

၁၇။ စာလုံးဆက်ရသော ပဟေဋ္ဌိတစ်ပွဲကို (၁၀) မိနစ်နဲ့ အပြီးဆက်မည်ဟု ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။

၁၈။ အာဟာရ မဖြစ်စေသော မုန့်ထုပ်များစားခြင်းကို ရပ်ပစ်ပါ။

၁၉။ တစ်နေ့ကို မိနစ် (၃၀) လောက် လမ်းလျှောက်ပါ။

၂၀။ အလုပ်ခွင်ဘ၀၊ လူမှုဘ၀မှ လွတ်ပြီး တစ်ကိုယ်တည်း နေနိုင်မည့် အချိန်ကလေး တစ်ခုလောက် ဖန်တီးထားပါ။

၂၁။ နားရက်မှာ အပြည့်အ၀ အနားယူနိုင်အောင် စီစဉ်ထားပါ။

၂၂။ စာဖတ်ပါ။ ကိုယ်စိတ်ဝင်စားရာ အကြောင်းအရာ တစ်ခုအကြောင်း တစ်စိုက်မတ်မတ် လိုက်ဖတ်ခြင်းသည် စိတ်ပျော်စရာ တစ်ခုဖြစ်သည်။

၂၃။ ခဏ ခဏ ဖုန်းထုတ်ကြည့် တတ်သည့်အကျင့်ကို ဖျောက်ပါ။

၂၄။ ငရဲအကြောင်း မစဉ်းစားပါနဲ့။ ကောင်းအောင်သာနေပါ။

၂၅။ မိတ်ဆွေ သူငယ်ချင်း ချစ်သူ အိမ်ထောင်ဖက်ကို ချီးကျူးဖို့ မမေ့ပါနဲ့။

၂၆။ ရှောပင်းထွက်ခြင်းသည် စိတ်ကို အသစ်များနဲ့ ထိတွေ့ပေးနည်းတစ်မျိုးဖြစ်ပြီး လန်းဆန်းစေသည်။ တွေ့ကရာ လိုချင်စိတ်ကိုတော့ ထိန်းပါ။

ပိုကောင်းတဲ့ နေ့စဉ် အကျင့်လေးများ ပျိုးထောင်ခြင်း

၂၇။ အိပ်ရေးဝအောင် အိပ်ပါ။ စောစောထ နိုင်အောင်လည်း ကြိုးစားပါ။

၂၈။ မနက်စာ ၀အောင် စားပါ။ မနက်စာသည် တစ်နေ့တာ လန်းဆန်းနေအောင် မောင်းနှင်ပေးနိုင်သော တွန်းအားဖြစ်သည်။

၂၉။ နေ့တိုင်း ဟင်းသီးဟင်းရွက် စားဖြစ်အောင် ကြိုးစားပါ။

၃၀။ ဖေ့စ်ဘွတ်ခ် သုံးသည့်အချိန်ကို ကန့်သတ်ထားပါ။

၃၁။ တစ်နေ့တာ ကြုံသမျှထဲက ကောင်းတာ သုံးချက်လောက် ညအိပ်ခါနီး ရေးချကြည့်ပါ။

၃၂။ တီဗီရှေ့ထိုင်သည့် အချိန်ကို လျှော့နိုင်သမျှ လျှော့ပါ။

၃၃။ မတ်မတ် ထိုင်ပါ။

ဘ၀အတွက် ပိုကောင်းသော ဆုံးဖြတ်ချက်များနှင့် ပြုပြင်ပြောင်းလဲမှုများ

၃၄။ အကောင်းမြင်တတ်ပါစေ။ အရှိအတိုင်း လက်ခံတတ်သူလည်း ဖြစ်ပါစေ။

၃၅။ မိဘဆိုပါက ကလေးများကို အော်ဟစ် ရိုက်နှက်သူ မဖြစ်ပါစေနှင့်။

၃၆။ ကိုယ်က မိခင် တစ်ယောက်ဖြစ်လျှင်ပင် အလုပ်တစ်ခုတော့ လုပ်ပါ။

၃၇။ အနည်းဆုံး သူငယ်ချင်း အရင်းအချာ (၁၀) ယောက်လောက်တော့ ရှိပါစေ။

၃၈။ ကိုယ့်ရှိတာကို ကျေနပ် နှစ်သက်တတ်ပါစေ။

၃၉။ ကိုယ့်ကို လွတ်လပ်မှု အားလပ်မှုပေးမည့် ကိစ္စများအတွက် ငွေသုံးပါ။ အလုပ်ကို အချိန်အတိုဆုံးနဲ့ အမြန်ဆုံး လုပ်နိုင်အောင် ကူပေးမည့် ကိစ္စများ၊ ပစ္စည်းများအတွက် ငွေသုံးရန် မနှောင့်နှေးပါနှင့်။

၄၀။ ကိုယ့်အတွက်ချည်း ငွေမသုံးပါနဲ့။ သူများ အတွက်လည်း ကိုယ့်ငွေကို အသုံးပြုပါ။

၄၁။ ပညာရပ်အသစ်တစ်ခု အမြဲ သင်ယူနေပါ။

၄၂။ တစ်ချိန်လုံး ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်ကြည့်နေတာမျိုး ရှောင်ပါ။

၄၃။ ပျော်အောင်နေပါ။ ပျော်အောင် တမင် လုပ်ယူခြင်းမျိုးကိုတော့ ရှောင်ပါ။

Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment