အာဆင်နယ် အသင်းနည်းပြ အာစင်ဝင်းဂါးသည် ဇနီးဖြစ်သူ အန်နီကို တရားဝင် ကွာရှင်းခဲ့ပြီး ပစ္စည်းဥစ္စာများကို ခွဲဝေပေးလိုက်ကြောင်း သိရသည်။ အသက် (၆၅) နှစ် ရှိပြီဖြစ်သော အာစင်ဝင်းဂါး သည် အသက် (၅၉)နှစ် ရှိပြီဖြစ်သော အန်နီနှင့် ကာလရှည် လက်တွဲလာမှုကို အဆုံးသတ်ပြီး ပြင်သစ်နိုင်ငံရှိ တရားရုံးတွင် ကွာရှင်းပြတ်စဲခဲ့သည်။ ၀င်းဂါးတို့ ဇနီးမောင်နှံတွင် အသက် (၁၈) နှစ် အရွယ် သမီးတစ်ဦးရှိပြီး ၂၀၁၃ ကတည်းက အတူတကွ မြင်တွေ့တော့ခြင်း မရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ၀င်းဂါးသည် အာဆင်နယ်အသင်းကို ကိုင်တွယ်ရာတွင် ဖိအားများနှင့် ရင်ဆိုင်နေရပြီး အိမ်ထောင်ရေးကို အနှောင့်အယှက်များ ဖြစ်စေကြောင်း ၀န်ခံခဲ့ဖူးသည်။ ၀င်းဂါးတို့ ဇနီးမောင်နှံသည် ယခုနှစ် ဇွန်လကတည်းက အတူနေထိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ ၀င်းဂါးသည် ၎င်း၏မွေးရပ်မြေ ပြင်သစ်နိုင်ငံ၊ စထပ်ရက်ဘော့မြို့တွင် ကွာရှင်းပြတ်စဲမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၀င်းဂါးသည် အန်နီနှင့် ကာလရှည် လက်တွဲခဲ့ပြီးနောက် ၂၀၁၀ ဒီဇင်ဘာတွင် တရားဝင် လက်ထပ်ခဲ့သည်။ ၀င်းဂါးသည် ၂၀၁၃ တွင် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ ၎င်းအနေဖြင့် ဇနီးဖြစ်သူအပေါ် တာဝန်မကျေခဲ့ကြောင်း၊ ဘောလုံးလောကမှ ထွက်ခွာမည်ဟု ကတိပေးခဲ့သော်လည်း မပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ဖူးသည်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment