အာဆင်နယ်အသင်း နောက်ခံကစားသမား ဂါဘရီရယ်သည် ချဲလ်ဆီးနှင့်ပွဲတွင် အနီကတ် ပြသခံရသော်လည်း အယူခံ တင်သွင်းပြီးနောက် ပြစ်ဒဏ်ကို ပယ်ဖျက် ပေးလိုက်ကြောင်း သိရသည်။ ဂါဘရီရယ်သည် ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခြေထောက်ဖြင့် ကန်ခဲ့ကြောင်း ကွင်းလယ်ဒိုင် မိုက်ဒင်းက ယူဆပြီး တိုက်ရိုက် အနီကတ် ပြသခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကို အာဆင်နယ်အသင်းက အယူခံတင်သွင်းရာ အက်ဖ်အေက ဖြစ်ရပ်ကို သုံးသပ်ပြီး ရုပ်သံပြန်ကြည့်ပြီး ဆုံးဖြတ်ပေးခဲ့သည်။ ဂါဘရီရယ်သည် ဒီယေဂိုကော်စတာကို ကန်ခဲ့ခြင်း မရှိကြောင်း တွေ့ခဲ့ရသဖြင့် အနီကတ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ဂါဘရီရယ်သည် သုံးပွဲပယ် ခံထားရမှုမှ လွတ်မြောက်သွားခဲ့သည်။
အခြားတစ်ဖက်တွင်မှု ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီကို လက်ဖြင့် ရိုက်ခဲ့ခြင်း၊ တွန်းထိုးခဲ့ခြင်း စသည့် အပြုအမူများကြောင့် သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကို ကွင်းလယ်ဒိုင် မိုက်ဒင်းက မြင်ခဲ့ခြင်း မရှိသောကြောင့် ပွဲကစားစဉ်အတွင်း မည်သည့်အရေးယူမှုကိုမှ မပြုလုပ်ခဲ့သော်လည်း ရုပ်သံပြန်ကြည့်ပြီး အက်ဖ်အေက အရေးယူခဲ့သောကြောင့် သုံးပွဲပယ်ခံရခြင်း ဖြစ်သည်။ ထို့ကြောင့် ဒီယေဂိုကော်စတာသည် ၀ါဆောနှင့် ကစားခဲ့သည့် ကက်ပီတယ်ဝမ်း ဖလားပြိုင်ပွဲအပြင် နယူးကာဆယ်၊ ဆောက်သမ်တန်တို့နှင့် ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်များကို လွဲချော်မည် ဖြစ်သည်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment