ကျားခေါင်းပါတီ လူထုတွေ့ဆုံပွဲ နမ့်ခမ်းဒေသခံ ထောင်ချီတက်ရောက်


ဓါတ်ပုံ- နမ့်ခမ်းမြို့လူထုနှင့် ကျားခေါင်းပါတီ တွေ့ဆုံပွဲ
 အောက်တိုဘာလ ၂၁ ရက် ၂၀၁၅

 သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါ် ကျားခေါင်းပါတီက ရုံးဖွင့်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ ရာ ဒေသခံထောင်ချီ တက်ရောက်နားထောင်အားပေးခဲ့ကြောင်း သိရှိရသည်။

“ဒီလိုထောင်ချီတက်ရောက်တာဟာ လူထုက ကျားခေါင်းပါတီကို သဘောေ ပါက် နားလည်လာတာကြောင့်ပါ။ နိုင်ငံရေး အခြေ အနေ ပြောင်းလဲလာတာေ ကြာင့် ကျားခေါင်းပါတီက ရွေးကောက်ပွဲဝင်မယ်။ အဲဒီအတွက် စည်းရုံးရေးေ တွ ဆင်းတယ်။ တဖက်ကလည်း ကျားခေါင်းပါတီရဲ့အကြောင်းကို Social Media တွေမှာ ဖတ်ရ၊ ကြည့်ရတော့ လူထုက သဘောပေါက်လာကြတယ်” ဟု SNLD လားရှိုးခရိုင် အမျိုးသားလွှတ်တော်အမတ် လောင်း စိုင်းဝမ်းလျဲန်းခမ်းက ပြောပါ သည်။

အောက်တိုဘာလ ၂၁ ရက်၌် ကျားခေါင်းပါတီ SNLD က နမ့်ခမ်းမြို့တွင် ရုံးဖွင့်ပွဲနှင့်လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ ရာ ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးကိုယ်တိုင် တက်ရောက်ခဲ့သည်။ ရုံးဖွင့်ပွဲအပြီး နမ့်ခမ်းမြို့လယ်ရှိ ပန်ပွဲကွင်း၌် လူထုနှင့် တွေ့ဆုံရာ နမ့်ခမ်းသျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ နမ့်ခမ်းလူငယ်နှင့်ဒေသခံ ၂၀၀၀ ကျော် တက် ရောက်ခဲ့သည်။

“လူထုတွေ့ဆုံပွဲမှာတော့ ခွန်ထွန်းဦးက တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးတာ ဘာကြောင့် မပါဝင်တာလဲဆိုတဲ့အကြောင်း ရှင်းပြတယ်။ အဖွဲ့တိုင်းပါဝင်လက်မှတ်ထိုးမှ ပါဝင်မယ်လို့ ကျားခေါင်းပါတီ မှာ ပေါ်လစီ ရှိတယ်။ အခုက အားလုံး ပါဝင်လက်မှတ်မထိုးဘူး။ နောက် တိုက်ပွဲတွေလည်း မရပ်သေးဘူး။ ဆက်ဖြစ် နေသေးတယ်။ ဒါကြောင့် မပါဝင်တာလို့ ရှင်းပြ တယ်”… လို့ စိုင်းဝမ်းလျဲန်းခမ်းက ပြောပါသည်။

နမ့်ခမ်းကျားခေါင်းပါတီအကြီးအကဲကလည်း လူထုထောင်ချီတက်ရောက် မည်ဟု မထင်မှတ်ကြောင်း၊ ယခုကဲ့သို့ လာရောက်ကြိုဆိုသည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊ ရှေ့ဆက်လည်း မကြောက်၊ မရှက်ဘဲ ရဲရဲဝံ့ဝံ့ ကြိုဆို၊ နှုတ်ဆက်၊ ပြောဆိုစေလိုကြောင်း ဆို၏။

“ပြည်သူတွေကတော့ ကျားခေါင်းကို လက်ခံကြပါတယ်။ ခွန်ထွန်းဦး ဆင်း လာတော့ လူထုက ၀မ်းမြောက် ၀မ်းသာနဲ့ ကြိုဆိုကြပါတယ်။ သိန္နီ၊ ကျောက်မဲ…ဘယ်နေရာမဆို အားလုံးအတူတူပါဘဲ။ ကောလ ဟာလတွေကို ယုံနေရင်တော့ မထူးဘူး။ တကယ်တမ်း လာကြည့်မှ သိရတယ်” လို့ စိုင်းဝမ်းလျဲန်းခမ်း က ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်သည် ကျားခေါင်းပါတီထက် ကျားဖြူပါတီအား ပိုမိုထောက်ခံသည့်မြို့ တမြို့ဖြစ်သည်ဟု လူသိများပါသည်။

သျှမ်းသံတော်ဆင့်/ မွေခေါဝ်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment