ဆီးရီးယားနိုင်ငံတွင် ၁ လအတွင်း ပါတီစုံရွေးကောက်ပွဲကျင်းပမည်


 ဒမတ်စကတ် အောက်တိုဘာ ၂၆

 ဆီးရီးယားသမ္မတ ဘာရှာအယ် အာဆက်သည် လာမည့် ၁၈ လအတွင်း ပါတီစုံရွေးကောက်ပွဲတစ်ရပ်ကျင်းပရန် ရုရှားနိုင်ငံ၏ တောင်းဆိုချက်ကို လိုက်လျောသည့်အနေဖြင့် ရွေးကောက်ပွဲကျင်းပရန်ဆန္ဒရှိနေပြီဖြစ်ကြောင်း ရုရှားမီဒီယာများက ဆိုသည်။

သမ္မတအာဆက်သည် ရုရှားဥပဒေပြုအမတ်များနှင့် အောက်တိုဘာ ၂၅ ရက်က ဒမတ်စကတ်မြို့တွင် တွေ့ဆုံခဲ့ကြောင်း ရုရှားမီဒီယာများကဆိုသည်။ ဆီးရီးယားနိုင်ငံအတွင်း အိုင်အက်စ်စစ်သွေးကြွများချေမှုန်းရာတွင် ရုရှားအစိုးရ မှ လေကြောင်းစစ်ဆင်ရေးများ ကူညီထောက်ပံ့ပေးခဲ့သည့်အတွက် သမ္မတ အာဆက်က ရုရှားအစိုးရအား ကျေးဇူးထောပနာ ပြုခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးရှိစေရန်အတွက် ပါတီစုံ ပါဝင်သည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပရန်လိုအပ်ကြောင်း သမ္မတ အာဆက်က ပြောသည်။

ရုရှားအစိုးရက ဆီးရီးယားနိုင်ငံနှင့် အခြားသက်ဆိုင်သည့်နိုင်ငံများကို တည်ငြိမ်အေးချမ်းရေးဆိုင်ရာ သဘောတူညီမှုများရရှိရန်နှင့် ရွေးကောက်ပွဲ ကျင်းပမည့် ၁၈ လအတွင်း အပစ်အခတ်ရပ်စဲထားရန် တောင်းဆိုထားကြောင်း အာရေဗီဘာသာဖြင့် ထုတ်ဝေသည့် အာရှာအယ် အော်ဆေးသတင်းစာက ရေးသားထားသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment