
၂၀၂၀ ပြည့်နှစ်တွင် မောင်းသူမဲ့ကားများ ထုတ်လုပ်ရောင်းချမည်ဟု ဟွန်ဒါ ကားကုမ္ပဏီက ကြေညာထားသည်။ ဂျပန်အခြေစိုက် ပြိုင်ဘက်များ ဖြစ်သော တိုယိုတာနှင့် နစ်ဆန်းသည်လည်း မောင်းသူမဲ့ကားများ ထုတ်လုပ်ဖို့ စိုင်းပြင်းနေကြသည်။
ဂူဂဲသည်လည်း မောင်းသူမဲ့ကားကို ဆီလီကွန် တောင်ကြားဒေသတွင် စမ်းသပ်လျက် ရှိသလို၊ အမေရိကန် အခြေစိုက် Tesla နှင့် General Motors ကားကုမ္ပဏီတို့သည်လည်း မောင်းသူမဲ့ကား ထုတ်လုပ်ဖို့ အားထုတ်နေကြသည်။ နစ်ဆန်း ကားကုမ္ပဏီသည်လည်း ၂၀၁၆ ကစပြီး မောင်းသူမဲ့ကား ထုတ်လုပ် ရောင်းချနိုင်ဖို့ အားခဲလျက်ရှိသည်။
ယခု လဆန်းပိုင်းကလည်း တိုယိုတာသည် အဝေးပြေး လမ်းပေါ်တွင် မောင်းသူမဲ့စနစ်ဖြင့် မောင်းနှင်နိုင်သောကားကို မိတ်ဆက်ခဲ့သည်။ ၂၀၂၀ တွင် လက်တွေ့ ထုတ်လုပ်ရောင်းချမည်ဟု ကြေညာထားသည်။
General Motors သည်လည်း ၂၀၁၇ ခုနှစ်ကစပြီး မောင်းသူမဲ့ကား ထုတ်လုပ်ရောင်းချနိုင်ဖို့ ကြိုးပမ်း ပြင်ဆင်နေသည်။
Source: BBC
The Messenger
messengernewsjournal.com
0 comments:
Post a Comment