သားကို အသုံးချပြီး ဖခင်က ပစ္စည်းခိုးယူ


ရုရှားနိုင်ငံတွင် ဖခင်တစ်ဦးသည် သားဖြစ်သူကို အသုံးချပြီး ပစ္စည်းခိုးယူခဲ့ကြောင်း သိရသည်။ ကလေးဖြစ်မှာ အလွန်ငယ်ရွယ် နေသောကြောင့် ဖခင်ဖြစ်သူ၏ လုပ်ရပ်ကို ဝေဖန်ခဲ့ကြသည်။ ဖခင်ဖြစ်သူသည် သားငယ်ဖြစ်သူနှင့်အတူ ကွန်ပျူတာ အရောင်းဆိုင်ကို ရောက်ရှိလာပြီး ပစ္စည်းများကို လှည့်လည် ကြည့်ရှုခဲ့သည်။ ယင်းနောက် လက်ပ်တော့တစ်လုံးကို အနွေးထည် အောက်ထဲ ထည့်သွင်း ယူဆောင်ခဲ့သည်။ ထို့နောက် ကလေးဖြစ်သူကို ကောက်ချီပြီး အကာအကွယ်ယူသည့် သဘောမျိုး ထွက်ခွာသွားခဲ့သည်။ ယင်းဖြစ်ရပ်ကို ဆိုင်ဝန်ထမ်းများက သိရှိခြင်း မရှိသော်လည်း စီစီတီဗွီ မှတ်တမ်းများအရ ခိုးယူသွားပုံ အဆင့်ဆင့်ကို သိရှိခဲ့ခြင်း ဖြစ်သည်။
      ရုရှားနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခိုးယူသူအား ဖမ်းဆီးနိုင်ရေး အတွက် ရဲတပ်ဖွဲ့ထံ တိုင်ကြားထားပြီး၊ ယင်း ဗီဒီယိုဖိုင်ကိုလည်း လူမှုကွန်ရက်များတွင် ဖြန့်ဝေထားကြောင်း သိရသည်။ ခိုးယူသွားပုံသည် အံ့အားသင့်စရာ ဖြစ်ပြီး  အရွယ် မရောက်သေးသည့် ကလေးငယ်ကို အသုံးပြုခဲ့ခြင်းကြောင့် လူမှုကွန်ရက်များတွင် ဝေဖန်ခဲ့ကြသည်။ ခိုးယူခံရသည့် လက်တော့ပ် တန်ဖိုးမှာ ပေါင် (၂၅၀) သာရှိကြောင်း သိရသည်။ ခိုးယူသူအား အမြန်ဖမ်းမိနိုင်ရန် စီစီတီဗွီ ဗီဒီယိုဖိုင်ကို အသုံးပြုပြီး ရှာဖွေနေကြောင်း သိရသည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment