(၁၅) မိနစ်အတွင်း အချက်ရေပေါင်း (၅၀၀၀၀)ကျော် ပစ်ခဲ့သည့် သေနတ်ပစ်ပြိုင်ပွဲ


အမေရိကန် ပြည်ထောင်စုတွင် ကျင်းပခဲ့သည့် သေနတ်ပစ်ပြိုင်ပွဲ တစ်ခုသည် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ပြိုင်ပွဲဝင်များက ပစ်မှတ်များကို စိတ်ကြိုက်ပစ်ခတ်ခဲ့ရာ (၁၅) မိနစ်အတွင်း ပစ်ခတ်ခဲ့သည့် အချက်ရေပေါင်းက (၅၀၀၀၀) ကျော်အထိ ရှိခဲ့သည်။ ယင်းပြိုင်ပွဲကို တစ်နှစ်(၂) ကြိမ် ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲကို ညပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ လာ ရောက်ကြည့်ရှုသူနှင့် ပရိသတ်ပေါင်း (၂၀၀၀၀) ကျော် ရှိခဲ့သည်။ ပြိုင်ပွဲဝင်များ၏ ပစ်ခတ်မှုများကို ဒရုန်းလေယာဉ်ဖြင့် မှတ်တမ်းတင်ကာ လူမှုကွန်ရက်များတွင် တင်ရှိခဲ့သည်။ ထို့ကြောင့် အံ့အားသင့်စရာ ကောင်းသည့် ပစ်ခတ်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြသည်။ ပစ်မှတ်အဖြစ် ကားများကို သတ်မှတ်ထားသည်။
      ထို့နောက် ပြိုင်ပွဲဝင်များက စိတ်ကြိုက်ပစ်ခတ်ရာ ပေါက်ကွဲသံများ၊ မီးရောင်များကို ညအမှောင်ထဲတွင် ထင်ရှားစွာ မြင်တွေ့ရမည် ဖြစ်သည်။ ယင်းသို့ ပစ်ခတ်မူကြောင့် ကားတစ်စီးလုံး အပေါက်များနှင့် ပျက်စီးသွားခဲ့သည်။ (၁၅) မိနစ်အတွင် ပစ်ခတ်အားက အချက်ရေပေါင်း (၅၀၀၀၀) ကျော် ရှိခဲ့သောကြောင့် စစ်ပွဲတစ်ခုကို ရောက်ရှိသွားသလို ခံစားရမည် ဖြစ်သည်။ သေနတ်ပစ် ၀ါသနာပါသူများသည် ပစ်မှတ်များကို စိတ်ကြိုက် ပစ်ခတ်လေ့ရှိကြောင်း၊ ယင်းဖြစ်ရပ်ကို ကြည့်ပါက သိရှိနိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို (၃) ရက်တာ ကျင်းပခဲ့ပြီး သေနတ်များကိုလည်း ပြသမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment