ပွက်ပွက်ဆူနေသော ဆီပူကို လက်ဖြင့် ကိုင်ပြတဲ့ လူထူးဆန်း


ပွက်ပွက်ဆူနေသော ဆီပူကို လက်ဖြင့် ကိုင်တွယ်ပြခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ အိန္ဒိယ နိုင်ငံသား ကူးမားသည် ငါးကြော်ရောင်းချသူဖြစ်ပြီး နေ့စဉ်ငါးကောင်ရေ များစွာကို ဆီပူထဲတွင် ကြော်ပေးနေရသည့် စာဖိုမှူးတစ်ဦးလည်း ဖြစ်သည်။ နယူးဒေလီမြို့တွင် နေထိုင်သည် ကူးမားသည် ငါးများကို ကြော်ရာတွင် အချို့အချိန်များ၌ ဆီပူထဲကို လက်ထဲနှစ်ကာ ပြုမူလေ့ရှိသည်။ ယင်းမှာ ကူးမား၏ဆိုင်ကို လူစိတ်ဝင်စားစေခဲ့သည်။ အချို့က ကူးမား၏ အပြုအမူများကို လာရောက် လေ့လာကြသည်။
       ကူမားကတော့ လုပ်ရိုးလုပ်စဉ် တစ်ခုအဖြစ်သာ သဘောထားခဲ့သည်။ အချို့က ကူးမားကို မီးဖိုချောင်သုံး ပစ္စည်းမသုံးဘဲ ဆီပူထဲကို လက်ဖြင့်နှစ်ပြီး အသုံးပြုခြင်းကို လိုလားကြသည်။ သို့သော် ကူးမားက မိမိသည် ဈေးရောင်းနေခြင်း ဖြစ်ပြီး၊ စတန့်ပြနေခြင်း မဟုတ်ကြောင်း၊ မိမိအနေဖြင့် အချို့အချိန်များတွင် ဆီပူကိုလက်ဖြင့် ကိုင်တွယ်တတ်သော်လည်း အချိန်တိုင်း လုပ်ပြရန် မဖြစ်နိုင်ကြောင်း၊ အချို့ကလည်း လက်ဖြင့် ကြော်လှော်ခြင်းကို ပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း တားမြစ်ခဲ့ကြောင်း ဆိုခဲ့သည်။ ကူးမာသည် ယင်းသို့ပြုလုပ်နိုင်ရန် သင်ယူခဲ့ခြင်း ဖြစ်သည်။ ဖခင်ဖြစ်သူက ဆီပူထဲတွင် လက်နှစ်ခြင်းကို မကြာခဏ ပြုလုပ်လေ့ရှိသည်ကို မြင်တွေ့ပြီးနောက် သင်ယူမှုများ ပြုလုပ်ခဲ့သည်။ အစောပိုင်းတွင် နာကျင်မှုများ ရှိခဲ့သော်လည်း အကျင့်ဖြစ်သွားသောအခါ မည်သည့် နာကျင်မှုမှ မရှိတော့ကြောင်း ကူးမားက ဆိုခဲ့သည်။
      ကူးမားက မိမိအနေဖြင့် ယခုသို့ ပြုလုပ်နိုင်ခြင်းသည် ဖန်ဆင်းရှင်က ပေးသနားထားခြင်း မဟုတ်ကြောင်း၊ မိမိအနေဖြင့် အစောပိုင်းတွင် လက်ချောင်းတစ်ချောင်းတည်းဖြင့် စတင်လေ့ကျင့်ခဲ့ကြောင်း၊ ယင်းနောက် လက်ငါးချောင်းလုံး ထည့်နိုင်အောင် ပြုလုပ်နိုင်ခဲ့ကြောင်း၊ ယင်းမှာ မျက်လှည့်မဟုတ်ဘဲ ငယ်စဉ်က ဖခင်ဖြစ်သူကို အားကျခဲ့သောကြောင့် လုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဟြေကြားခဲ့သည်။
      ကူးမား ငါးကြော်နေသည့် အပူချိန်သည် (၂၀၀)ဒီဂရီ ဆဲလ်စီရပ်အထိ ရှိနိုင်သောကြောင့် ဆီပူထဲကို လက်နှစ်ခဲ့ခြင်းသည် အလွန်အံ့အားသင့်စရာ ဖြစ်ကြောင်း ဆိုင်ကို နေ့စဉ် လာရောက်နေသည့် ဖောက်သည်တစ်ဦးက ချီးကျူးခဲ့သည်။
The Mesenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment