နယူးယော့ခ်ကရှိုးပွဲမှာ အရမ်းလန်းနေတဲ့ Jennifer Lopez


 Jennifer Lopez  ဟာ သူ့ရဲ့ ခန္ဒာကိုယ်အချိုးအစားကို အသက်အရွယ်နဲ့မလိုက် ပြေပြစ်အောင် ထိန်းညှိထားနိုင်တဲ့ အဆိုတော်ဆိုတာ အားလုံးက သိပြီးသားဖြစ်မှာပါ။ သူမကတော့ နယူးယော့ခ်မြို့မှာ
 နောက်ဆုံးပြုလုပ်ခဲ့တဲ့ ရှိုးပွဲတစ်ခုမှာလည်း သူရဲ့ကောက်ကြောင်းအလှတွေကို ချပြလိုက်ပြန်ပါပြီ။
Madison Square မှာလုပ်ခဲ့တဲ့ပွဲမှာ Jennifer Lopez ဟာ အသက် ၄၆ နှစ်အရွယ် J Lo ဟာ
သူမရဲ့ ကောက်ကြောင်းတွေကို အထင်းသားဖြစ်နေစေမယ့် ဝတ်စုံတစ်ခုနဲ့ ခပ်မိုက်မိုက်ဖြစ်နေတာပါ။


သူမဟာ ချပ်ရပ်နေတဲ့ ဝတ်စုံတစ်ခုနဲ့ ကောက်ကြောင်းအလှတွေကို ကြွားလုံးထုတ်ခဲ့တာပါ။ သူမဟာ အောက်ပိုင်းအလှကို ပြသဖို့ အတွက် ခါးပတ်တစ်ခုကို ခပ်ကျပ်ကျပ် ဝတ်ဆင်ထားပြီး ပိုက်ကွန်သဏ္ဍာန် stocking တစ်ခုနဲ့ ဒူးလောက်ထိရှည်တဲ့ ဖိနပ်ရှည်တို့ကို ဆင်မြန်းထားပါတယ်။ သူမဟာ မိတ်ကပ်အနည်းငယ်သာ လိမ်းထားပြီး စည်းချက်နဲ့ အညီ တင်ဆက်မှုတွေကို ခပ်မိုက်မိုက် ပြုလုပ်သွားခဲ့တာပါ။ သူမဟာ အမေရိကန် Idol အစီအစဉ်အတွက် ဒိုင်အဖြစ်ပြုလုပ်ပေးခဲ့ပြီး ဇန်နဝါရီ ၂၀ မှာတော့ လတ်စ်ဗီးဂတ်စ်မြို့မှာ ဖျော်ဖြေပွဲတစ်ခုကို ကျင်းပဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။


သူမဟာ ဂီတဖက်မှာသာမကပဲ လာမယ့် ဒရာမာဇာတ်ကားတစ်ခုမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment