ထူးထူးခြားခြား လမ်းလျှောက်ပြသူ

 
စတန့်ထွင်တာလား၊  အမှန်တကယ် ကျန်းမာရေး လိုက်စားတာတော့ မသိသော်လည်း သူ၏အပြုအမူက ထူးခြားနေသောကြောင့် စိတ်ဝင်စားစရာ ကောင်းနေသည်။ (၇၀) ကီလိုလေးသည့် ကျောက်တုံးကိုစီးပြီး နေ့စဉ်မီတာ (၂၀၀)အကွာအဝေးကို လမ်းလျှောက် ပြခဲ့ခြင်းကြောင့် ဖြစ်သည်။
      ယင်းအပြုအမူကို ပြုလုပ်ခဲ့သူမှာ တရုတ်နိုင်ငံ ဆီချွမ်အရပ်ဒေသရှိ အသက် (၅၀)နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ကျောက်တုံးနှစ်ခုကို အပေါက်ဖောက်ပြီး  ခြေထောက်ထည့်ကာ လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။ Huang Baoquan အမည်ရ အမျိုးသားသည် ငယ်စဉ်ကတည်းက ကာယလေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
      ယခုကဲ့သို့ ပြုလုပ်နေခြင်းကို ပြီးခဲ့သည့် နှစ်( ၃၀) ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ Huang Baoquan သည် နေ့စဉ် ကျောက်တုံးကိုစီးပြီး လမ်းလျှောက်သည့်အပြင် အလေးမ လေ့ကျင့်ခန်းများကိုလည်း  ပြုလုပ်လေ့ရှိသည်။ Huang Baoquan ၏ အပြုအမူက ထူးခြားနေသော်လည်း ယင်း၏ မိခင်ဖြစ်သူက ပြီးခဲ့သည့်နှစ် (၃၀) ကတည်းက နေ့စဉ်ပြုလုပ်နေသည့် လေ့ကျင့်ခန်း ဖြစ်ကြောင်း ဟြေကြားခဲ့သည်။
The Messenge
r messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment