ကားတန်းများအကြား အုပ်စုလိုက် ငွေတောင်းရမ်းခြင်းကြောင့် ယာဉ်အန္တရာယ် စိုးရိမ်ရ


 ရန်ကုန် အောက်တိုဘာ ၂၅

 အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က သမိုင်းဘူတာရုံအနီး ရထားလမ်း ခုံးကျော်ကားလမ်း၏ အနောက်မှ အရှေ့သွား ယာဉ်တန်းများ အကြား ငွေတောင်း ရမ်းနေသော ကလေးအုပ်စုကို မြင်တွေ့ခဲ့ရသည်ဟု မြောက်ဥက္ကလာသွား ဒိုင်နာယာဉ်စီး ခရီးသည် ဦးမြသန်း က ပြောသည်။

အလားတူ တုတ်ကိုင်အဘွားအိုတစ်ဦးကိုလည်း ယင်းနေရာနှင့်မလှမ်းမကမ်းတွင် ထပ်မံမြင်တွေ့ရသည်။ အုပ်စုလိုက် ငွေတောင်းရမ်းနေသော ကလေးအုပ်စုကို ယင်းခုံးကျော်ကားလမ်းပေါ်တွင် မကြာခဏ မြင်တွေ့နေရ သည်ဟု ဘုရင်နောင်ပွဲရုံကို အလုပ်လာရောက်လုပ်ကိုင်သူ မြောက်ဥက္ကလာပမြို့နယ်နေသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ကားလမ်းမများပေါ်တွင်သာ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားပြီး လမ်းဖြတ်ကူး သူအချို့ သေဆုံးမှုများရှိတတ်သည်။ ယင်းကဲ့သို့ ကား လမ်းမပေါ်ယာဉ်တန်းများအကြား လှည့်လည်တောင်း ရမ်းနေသည့် ကလေးသူငယ်အုပ်စုအနေဖြင့် ယာဉ် အန္တရာယ်စိုးရိမ်ရသကဲ့သို့ ကားလမ်းများပေါ်မောင်းနှင်နေ သော ယာဉ်မောင်းများအနေဖြင့်လည်း အထူးသတိထား မောင်းနှင်ရသည်။ အလားတူ ရန်ကုန်မြို့တွင်း ဘုန်းကြီး လမ်း စံပြရုပ်ရှင်ရုံအနီးတစ်ဝိုက်တွင် ညနေပိုင်းအုပ်စုလိုက် ငွေတောင်းရမ်းနေသော ကလေးသူငယ်များ ကားလမ်း ပေါ်သို့ လက်လွတ်စပယ် ဖြတ်သန်းနေခြင်းကို မကြာခဏ မြင်တွေ့နေရသည်ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ကားလမ်းမပေါ် တက်ရောက်ငွေလှည့် လည်တောင်းခံသည့်မြင်ကွင်းသည် ယာဉ်အန္တရာယ် အတွက် စိုးရိမ်ရရုံသာမက နှစ်စဉ်တိုးတက်များပြားလာသော ပြည်ပခရီးသွားအများအပြားဝင်ရောက်လာသည့် ယခုကာလတွင် တိုင်းပြည်အတွက် မကောင်းသောပုံရိပ် များအဖြစ် မှတ်တမ်းတင်သွားမည်ကိုပါ စိုးရိမ်ရသည်။ သို့ဖြစ်ပါ၍ ယင်းကဲ့သို့ ကားလမ်းမပေါ် တက်ရောက်ပြီး တောင်းရမ်းနေသော ကလေးသူငယ်အုပ်စုများနှင့် သက်ကြီးရွယ်အိုများကို တားဆီးပေးသင့်သည်ဟု မငယ်က ပြောသည်။

(မောင်စေအောင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment