Victor.PaaTung
အမျိုးသမီး ယာဉ်မောင်းတစ်ဦးဟာ ကားမောင်းရင်း မိုက်ခရိုဖုန်းတစ်လုံး ကိုင်ဆောင်ကာ သီချင်းဆိုနေတဲ့ သူမ ဗီဒီယိုတစ်ခု အွန်လိုင်းပေါ်တွေ့ရှိပြီးနောက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အပြစ်ပေးခံခဲ့ကြောင်း ကြာသပတေးနေ့ Chengdu Evening News မှ သတင်းဖော်ပြချက်တစ်ခုအရ သိရပါတယ်။
တခြားကားတစ်စီးက ခရီးသည်တစ်ဦးမှ ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ယင်းဗွီဒီယိုမှာ အဲဒီအမျိုးသမီးကို ကေတီဗီခန်းတစ်ခုထဲ ရောက်သည့်အလား ရွှေရောင် မိုက်ခရိုဖုန်းတစ်လုံးကိုင်ပြီး သီချင်းသီဆိုကာ အလွန်အကျွံ မူးယစ်နေပုံရှိတာ တွေ့ရပါတယ်။ ပြင်းထန်တဲ့ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခရီးသွားရ နှေးကွေးနေခဲ့ပေမယ့် အဲဒီအမျိုးသမီးက မိုက်ခရိုဖုန်းနဲ့ အဆက်မပြတ်သီချင်းဆိုနေရင်းနဲ့ပဲ စတီယာရင်လက်ကိုင်ကို ညာဘက်လက်နဲ့ ထိန်းထားဆဲဖြစ်ပါတယ်။
ယင်းဗွီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့ပြီးနောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ စိတ်ဝင်စားမှု ချက်ချင်း ရစေခဲ့တယ်။ Chengdu ယာဉ်ထိန်းရဲတပ်ဖွဲ့က သူမကို ယာဉ်အန္တရာယ်ကင်းရှင်းရေး သင်တန်းတစ်ခုပေးခဲ့ပြီး အပြစ်ဒဏ်နှစ်ခု သတ်မှတ်ကာ ယွမ် ၂၀၀ ဒဏ်ငွေရိုက်ခဲ့တယ်။ တရုတ်နိုင်ငံမှာ ယာဉ်မောင်းတစ်ယောက်က အပြစ်ဒဏ် ၁၂ ခုထိ သတ်မှတ်ခံရတဲ့အခါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းသင်တန်း ပြန်တက်ပြီး စာမေးပွဲပြန်ဖြေရပါတယ်။
Ref: CCTVNews
trend.com.mm
0 comments:
Post a Comment