တစ်ကမ္ဘာလုံး အဟြရောင် လွှမ်းသွားခြင်း


အေသင်အောင်
          ပြီးခဲ့သည့် အောက်တိုဘာ (၂၄) ရက်တွင် ကမ္ဘာတစ်ဝန်းရှိ ထင်ရှားသည့် နေရာများတွင် အဟြရောင်များ လွှမ်းမိုး နေသည်ကို မြင်တွေ့ ရမည် ဖြစ်သည်။  နိုင်ငံ ပေါင်း (၆၆) နိုင်ငံရှိ မတူညီသည့် နေရာ ပေါင်း  (၂၀၀) ကျော်တွင် အဟြရောင်များ ဖြစ်အောင် ဖန်တီး ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ်(၇၀) ပြည့် အခမ်းအနားကို ဂုဏ်ပြုခြင်း ဖြစ်သည်။ အဟြရောင်သည် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသောကြောင့် ထင်ရှားသည့် နေရာများတွင် အဟြရောင်များ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ ဂရိတ်ဝေါတံတား၊ ပီဆာတာဝါ စသည့် ထင်ရှားသည့် နေရာများတွင် မီးရောင်များဖြင့် အဟြရောင်များ ဖန်တီး ခဲ့ခြင်း ဖြစ်သည်။
          ဆစ်ဒနီအော်ပရာဇာတ်ရုံ၊ ရုရှားနိုင်ငံ ရှိ Hermitage ပြတိုက်၊ ဂျော်ဒန်ရှိ ရှေးဟောင်းမြို့တော် ပီထရာစသည့် နေရာများတွင် အဟြရောင်များ ဖြစ်နေသောကြောင့် ငြိမ်းချမ်းခြင်း အဓိပ္ပာယ်ကို သိရှိခွင့် ရခဲ့ကြသည်။
          ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်တီကီက ပိုကောင်းသည့် မနက်များ ဖြစ်အောင် ယခု အစီအစဉ်ကို အကောင်အထည် ဖော်ခြင်း ဖြစ်သည်။  ၁၉၄၅ အောက်တိုဘာလ (၂၄) ရက်တွင် ကုလသမဂ္ဂကို စတင် တည်ထောင်ခဲ့သည်။  လက်ရှိ အချိန်တွင် ကုလသမဂ္ဂတွင် အဖွဲ့ပေါင်း (၁၉၃) နိုင်ငံ ရှိနေသည်။ တည်ထောင်သည်မှာလည်း နှစ် (၇၀) ရှိသွားပြီ ဖြစ်သည်။ ဘာသာစကား၊ ကိုးကွယ်မှု၊ အသားအရောင် စသည့် အရာများ ကွာခြားမှု ရှိနေသော်လည်း ကမ္ဘာကြီးတွင် ငြိမ်းချမ်းစွာဖြင့် အတူ နေထိုင်နိုင်ရေး အတွက် ရည်ရွယ်ပြီး ကုလသမဂ္ဂကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထို့ ကြောင့် နှစ်(၇၀)ပြည့်တွင် ငြိမ်းချမ်းခြင်းကို သိရှိနိုင်အောင် တစ်ကမ္ဘာလုံးကို အဟြရောင်များဖြင့် ခြယ်မှုန်း ခဲ့ခြင်း ဖြစ်သည်။
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment