ကောင်မလေးရဲ့ ခြေထောက်ကိုလျက်ဖို့နဲ့အတွင်းခံတောင်းတဲ့ ရဲအရာရှိ ထောင်တစ်နှစ်ကျ


Houston မှ ရဲအရာရှိတစ်ယောက်ဟာ ဆိုင်ကယ်ပေါ်က ကောင်မလေးတစ်ယောက်ကို ဆွဲချပြီး သူမရဲ့ ခြေထောက်တွေကို လျက်ချင်ပါတယ်လို့ ခွင့်တောင်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဲ့ဒီ့အရာရှိဟာ အမှုရင်ဆိုင်ခဲ့ရပါတယ်။

ကောင်မလေးရဲ့ ခြေထောက်ကို လျက်ချင်ခဲ့တဲ့ ရာအရာရှိကို တရားသူကြီးက ထောင်ဒဏ်တစ်နှစ် ချမှတ် ခဲ့ပါတယ်။

သူ့ရဲ့ နာမည်က Patrick Quinn ဖြစ်ပြီး အသက်ကတော့ ၂၇နှစ်ပါ။ Cypress-Fairbanks ကျောင်း ရဲအရာရှိ ဟောင်းတစ်ယောက်ပါ။ အပြစ်ရှိကြောင်း ထင်ရှားတဲ့အတွက် ဗုဒ္ဓဟူးနေ့က Houston မှာ ထောင်ဒဏ် ချမှတ်ခဲ့တာပါ။

တရားရုံး မှတ်တမ်းတွေအရ၊ Quinn ဟာ ကောင်မလေးတစ်ယောက်ရဲ့ ဆိုင်ကယ်ကို ရပ်ခိုင်းခဲ့ပြီး စစ်ဆေးခဲ့ရာ ဆေးခြောက်တွေ တွေ့ရှိခဲ့ပါတယ်။ သူက ကောင်မလေးတွေရဲ့ ခြေထောက်ကို စွဲလမ်းတတ်သူတစ်ယောက် ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သူမရဲ့ ခြေထောက်တွေကိုသာ လျက်ခွင့်ရပြီး သူမရဲ့ အတွင်းခံကိုသာပေးခဲ့မယ်ဆိုရင် သူမကို လွတ်ပေးမယ်လို့ ပြောလိုက်ပါတယ်။

ဒါပေမဲ့ နောက်တော့ သူစိတ်ပြောင်းသွားပြီး သူမကို သွားခွင့်ပေးလိုက်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref:AP
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment