ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင်ကြီးရဲ့အလောင်းကို ရေထဲမှာတွေ့ရှိ


Paraguay မှာ ပုပ်ဆွေးနေတဲ့ ဒဏ္ဍာရီလာ Chupacabra သတ္တဝါကြီးတစ်ကောင်ရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ ဒါကို သက်သေပြနိုင်ဖို့အတွက် ဒေသခံတွေက ဗီဒီယိုလဲ ရိုက်ကူးခဲ့ပါတယ်။

ရေထဲမှာတွေ့ရတာဟာ ဒဏ္ဍာရီလာ မကောင်းဆိုးရွားကြီးတစ်ကောင်ရဲ့ အလောင်းများလား။

ဒီလိုသတ္တဝါကြီးတွေဟာ လက်တင်အမေရိက ဒေသတွေမှာ မှီတင်းနေထိုင်ကြတယ်လို့ အယုံအကြည် ရှိကြပါတယ်။ ဝက်ဝံငယ်တစ်ကောင် အရွယ်အစားရှိပြီး ကျောဘက်မှာလည်း ဆူးတောင်တွေရှိတယ်လို့ သိရပါတယ်။

ဒေသခံတွေကို အကြမ်းဖက်ပြီး မွေးထားတဲ့တိရစ္ဆာန်တွေရဲ့ သွေးကို သောက်တယ်ဆိုပြီး Puerto Rico, Chile နဲ့ Mexico ဒေသတွေမှာ ကောလာဟလထွက်ရှိနေပါတယ်။

ဒီအလောင်းကောင်မှာ လူနဲ့တူတဲ့ လက်တွေလည်းရှိပါတယ်။ မြစ်ကမ်းအစွန်မှာ ရေပေါ်ပေါ်နေတာကို တွေ့မြင်နိုင်ပါတယ်။

“လူသားဆန်ဆန် အသွင်အပြင်ရှိတဲ့ မျောက်ဝံတစ်ကောင်နဲ့တူတယ်။ ဒါပေမဲ့ ဘာကောင်ဆိုတာကို အတိအကျပြောနိုင်တဲ့သူမရှိဘူး။” လို့ ဆေးမှုခင်းပညာရှင် Pablo Lemir ကပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref: Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment