၁၃ ထပ်မြင့်တဲ့ တိုက်ခန်းပေါ်ကို တွယ်တက်ပြီး ဒုက္ခရောက်နေတဲ့ ခွေးလေးကို ကယ်တင်ခဲ့သူ အမျိုးသား


ကိုလံဘီယာ နိုင်ငံမှာရှိတဲ့ အဆောက်အဦးတစ်ခုကနေ မှတ်တမ်းတင်ထားခဲ့တဲ့ ဗီဒီယို တစ်ခုမှာတော့ လူတစ်ယောက်ဟာ ၁၃ ထပ်မြင့်တဲ့ တိုက်ခန်းတစ်ခုကို တွယ်တက်ပြီး ပြုတ်ကျလုနီးနီး ဖြစ်နေတဲ့ ခွေးလေး တစ်ကောင်ကို ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။
 
ထို ဗီဒီယိုကို ရိုက်ကူးထားတာကတော့ အိမ်နီးချင်းတစ်ယောက်ဖြစ်ပြီး Diego Andres Davila Jimenez ဆိုသူဟာ သူနေထိုင်တဲ့တိုက်ခန်းရဲ့  အပေါ်ထပ်က အိမ်နီးချင်းတွေ မွေးထားတဲ့ Luna ဆိုတဲ့ ခွေးလေးတစ်ကောင် တိုက်ခန်း ရဲ့ အပြင်ဘက် ၀ရန်တာကနေ တွဲလောင်းကျနေတာကို တွေ့ရှိသွားတဲ့အတွက် သူ့ရဲ့ ၁၃ ထပ်တိုက်ခန်း ပြတင်းပေါက်ကနေ တွယ်တက်ပြီး ခွေးလေးကို ကယ်တင်ခဲ့တဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။
 
Jimenez ကိုယ်တိုင် ပြောပြခဲ့တာကတော့ ခွေးလေး Luna ဟာ သူ့ရဲ့ နောက်ခြေထောက်တစ်ချောင်းနဲ့ ၀ရန်တာ သံတိုင်တွေ ညပ်မိနေတဲ့အတွက် ၀ရန်တာပေါ်ကနေ တွဲလောင်းကျနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မြေပြင် ပေါ်မှာ ရှိတဲ့ လူတွေကတော့ အော်ဟစ်နေကြပါတယ်။ အခန့်မသင့်လို့ ပြုတ်ကျလာရင်လည်း သူတို့က အောက်ကနေ မွေ့ယာတစ်ခုနဲ့ စောင့်နေကြပါတယ်။ အမှန်တစ်ကယ်ကတော့ ကျွန်တော်လည်း ကြောက်ပါတယ်။ အဲဒါကြောင့် အောက်ကိုတောင် ငုံ့မကြည့်ခဲ့ပါဘူး” လို့ Jimenez က ဆိုပါတယ်။
 
Jimenez ရဲ့  ပြောကြားချက်အရတော့ သူဟာ Luna ဆိုတဲ့ ခွေးလေးနဲ့အတူ အိမ်နီးချင်းရဲ့  ၀ရန်တာပေါ်ကို ဘေးကင်းစွာရောက်သွားချိန်မှသာ ကယ်ဆယ်မှုဟာ ဘယ်လောက်အန္တရာယ်ကြီးခဲ့တယ်ဆိုတာ သတိပြုမိခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော် Luna လေးကို ကယ်ပြီးတော့ အောက်ကိုငုံ့ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော့် ကောင်မလေးက ဒေါသထွက်နေပါပြီး အဲဒီမှာ နေဖို့ ၊ ပြန်မဆင်းလာဖို့ အော်ပြောခဲ့ပါတယ်။ ကျွန်တော့်အမေကလည်း ကျွန်တော့်ကို ဆူခဲ့ပါတယ်” လို့ Jimenez က ဆိုပါတယ်။
 
သူဟာ ထို တိုက်ခန်း ၀ရန်တာပေါ်မှာ အိမ်ရှင်တွေ ပြန်လာတဲ့အထိ တစ်နာရီခန့် စောင့်ဆိုင်းခဲ့ရတယ်လို့လည်း သိရပါတယ်။
 
Ref:upi.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment