စမတ်ဖုန်းများ မလုံခြုံဟု စနိုးဒန် သတိပေး

စမတ်ဖုန်း အသုံးပြုသူများသည် ၎င်းတို့၏ဖုန်းတွင်းမှ ဒေတာများကို အပြည့်အ၀ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ အခြားသူများ၏  ထိုးဖောက်ခြင်းကို  အလွယ်ခံရနိုင်ကြောင်း  အမေရိကန် ထောက်လှမ်းရေး ကန်ထရိုက်တာဟောင်း အက်ဒ၀ပ် စနိုးဒန်က အင်တာဗျူးတစ်ခုတွင် ထုတ်ဖော် ပြောကြားလိုက်သည်။
      စနိုးဒန်သည် ဘီဘီစီ၏ ပန်နိုရားမား အစီအစဉ်တွင် ထိုသို့ ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီသည် မည်သည့် စမတ်ဖုန်းကိုမဆို ပိုင်ရှင်မသိဘဲ အချက်အလက်များကို ထိုးဖောက်ရယူနိုင်စွမ်း ရှိကြောင်း ဆိုသည်။ ထိုထောက်လှမ်းရေးသည် ၎င်းတို့ ပစ်မှတ်ထားသည့် ဖုန်းတစ်လုံးထံသို့ စာသားမက်ဆေ့တစ်ခု ပို့ ပြီးနောက် ထိုဖုန်းကို ထိန်းချုပ်ကာ ဖုန်းအတွင်းမှ ပုံများယူခြင်း၊ ဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်ခြင်းများ လုပ်လာနိုင်ကြောင်း ဆိုသည်။ စနိုးဒန်၏ ပြောဆိုချက်များကို ဗြိတိန်အစိုးရဘက်ကမူ မည်သည့်မှတ်ချက်မှ ပေးခြင်းမရှိပေ။
      ၂၀၁၃ ခုနှစ်မှစ၍ ရုရှားတွင် ခိုလှုံနေသော စနိုးဒန်က ဗြိတိန်နှင့် ကန်အမျိုးသား လုံခြုံရေးဌာနများသည် ပြည်သူအများအပြား၏ စမတ်ဖုန်းဆက်သွယ်မှုများကို စောင့်ကြည့်နေခြင်း ရှိမရှိ ထုတ်ပြောခြင်း မရှိသော်လည်း ထိုအဖွဲ့များသည် ဖုန်းများကို ထိုးဖောက်ရန် အဆင့်မြင့် နည်းပညာများအတွက် ငွေအမြောက်အမြား ရင်းနှီးမြုပ်နှံမှုများ လုပ်ထားကြောင်း ဆိုသည်။ စနိုးဒန်က ဗြိတိန်ထောက်လှမ်းရေးသည် ကြားဖြတ် ထောက်လှမ်းရေး နည်းပညာများစွာရှိပြီး ပိတ်ထားသော ဖုန်းတစ်လုံးကိုလည်း အဝေးမှ ထိန်းချုပ်ကာ ပြန်ဖွင့်နိုင်ပြီး ဖုန်းတည်ရှိရာ ၀န်းကျင်ကို စောင့်ကြည့်နိုင်ကြောင်း ဆိုသည်။ ၎င်းက ထောက်လှမ်းရေးက အသုံးပြုသော နည်းပညာသုံးမျိုး ဖြစ်သည့်“Smurf Suite”ခေါ် နည်းပညာသုံးမျိုး အကြောင်းကိုလည်း ထုတ်ဖော်ခဲ့သည်။
The Messenger

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment