၂၆ အောက်တိုဘာ ၂၀၁၅
ပန်းသီးမလေး" လူသတ်မှုလို့  နံမည်ကြီးနေတဲ့  ထိုင်းနိုင်ငံ ရနောင်းမြို့ က အသက် ၁၉ နှစ် အထက်တန်း ကျောင်းသူအသတ်ခံရတဲ့ မှုခင်းမှာ ရနောင်းခရိုင်အတွင်းက ငါးဖမ်းစက်လှေ လိုက်နေတဲ့ မြန်မာနိုင်ငံသား လေးဦး ဖမ်းဆီး စစ်ဆေးခံခဲ့ ရပါတယ်၊
စက်တင်ဘာလ ၂၈ ရက် ၂၀၁၅ ရက်နေညပိုင်းမှာ ဓါးဒဏ်ရာပေါင်း ၁၇ ချက်နဲ့  သေဆုံးနေတဲ့ ထိုင်းကျောင်းသူလေးရဲ့  နောက်ဆုံး မသေခင် မှတ်တမ်းတင်ထားနိုင်တဲ့CCTVကင်မရာမှာ... ကျောင်းသူလေးသေဆုံးတဲ့ နေရာက နေ လူလေးယောက် က အဌားယာဉ်တစီးကို တားစီးခဲ့တဲ့ မှတ်တမ်းရယ်၊ အခင်းဖြစ်ပွားတဲ့ အနီးဆုံး မှာရှိတဲ့ ပင်လယ်စာစက်ရုံက အလုပ်သမားလေးယောက်ရုတ်တရက် စက်လှေလိုက်သွားတာကနေ စတင်ခြေရာခံမိခဲ့တယ်လို့  သိရပါတယ်။
သေဆုံးကျောင်းသူလေးဟာ သူငယ်ချင်းတဦး အိမ်ကိုသွားလည်ပါတ်ပြီး ပယ်လယ်အစားသောက်လုပ်တဲ့စက်ရုံဘေးကနေတယောက်ထဲ ဖြတ်ပြန်သွား စဉ်မှာ အုပ်စုဖွဲ့  အရက်သောက်နေတဲ့ လူငယ်လေးဦးက နောက်ပြောင်ခဲ့ရာမှ စဖြစ်တယ်၊ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသားလေးဦးမှာတဦးကသာ မိန်ခလေးက ဆဲဆိုခဲ့လို့  ဒေါသအလျှောက် ကျူးလွန်ခဲ့ကြောင်း ၀န်ခံတယ် လို့  ထိုင်း သတင်းတွေ မှာ ရေးသားထားပါတယ်။
kapook.com
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
0 comments:
Post a Comment