ဒီဖြစ်ရပ်မှန်မှုခင်းသတင်းကို ကာယကံရှင်ကိုယ်တိုင် အထောက်အထားများစွာ ဖော်ပြပြီး "စလုံးpage" ကိုဖွင့်ချထားခြင်းဖြစ်ပါတယ်။
မမော် ဟာ အသက် ၂၈ နှစ်အရွယ်ရှိ တိုင်းရင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမ ဟာ လိုင်စင်ရသူနာပြုဆရာမ တစ်ဦးဖြစ်ပြီး စင်္ကာပူက ပုဂ္ဂလိကဆေးရုံမှာ အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။
မမော် က DBS bank မှာ ငွေစုစာရင်းဖွင့်ထား ပြီး ဘဏ်က Debit card တစ်ခုထုတ်ပေးထားပါတယ်။
သူမဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မနက်၂ နာရီခန့်မှာ ဗီယက်နမ်နိုင်ငံကိုအလည်ခရီးထွက်ခွာဖို့  ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့ ပါတယ်။ လေဆိပ်အရောက်မှာ သူငယ်ချင်းတစ်ဦးကို ကိစ္စတစ်ခုအတွက် S$100 အား လက်ကိုင်ဖုန်းထဲမှာရှိတဲ့  DBS mobile app ကတဆင့်လွှဲပေးခဲ့ ပါတယ်။ ထိုစဉ် လက်ကျန်ငွေမှာ S$3900.02 ရှိနေကြောင်းသတိထားမိခဲ့ပါတယ်။
ထို့နောက် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာခဲ့ပါတယ်။ မမော်ဟာစက်တင်ဘာလ ၂၅ ရက် ည၁၂ နာရီတွင် ချန်ဂီလေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ ပါတယ်။ လေဆိပ်ရောက်လျှင်ရောက်ချင်း အလုပ်မှ လစာဝင် မဝင်သိချင်သောကြောင့်mobile phone app မှ DBS bank account ကိုဖွင့်စစ်ခဲ့ရာ S$ 831.44 ပဲကျန်ရှိပါတော့တယ်။
မမော်တစ်ယောက်စိတ်တွေလှုပ်ရှားသွားပြီး ဘဏ်ငွေထုတ် ငွေသွင်း မှတ်တမ်းကို ဆက်လက်စစ်ဆေးရာ ၂၁/၁၀/၂၀၁၅ ရက်စွဲနဲ့  သူမ၏debit card နံပါတ်ကို သုံးပြီး ငွေလွှဲပြောင်းမှုနှစ်ကြိမ်ပြုလုပ်ထားကြောင်းတွေ့ခဲ့ရပါတယ်။ ပထမ အကြိမ်က S$508.85 နဲ့  ဒုတိယတစ်ကြိမ်က S$ 1022.86 အသီးသီးဖြစ်ကြောင်းမမော် တွေ့သွားပါတယ်။
မမော် ချက်ချင်းပဲ DBS bank ၂၄ နာရီ ဖုန်းကိုခေါ်ပြီး တာဝန်ကျ ဘဏ်ဝန်ထမ်းကို အဖြစ်အပျက်ကိုပြောပြလိုက်ပါတယ်။ တာဝန်ကျဝန်ထမ်းက မမော်ရဲ့ ဘဏ်စာရင်းကို ဖွင့်ကြည့်စစ်ဆေးပေးခဲ့ရာ မမော်ပြောပြသော ၂ကြိမ် တိုင်တိုင် DBS debit card နံပါတ်နဲ့ ငွေများ ကို online transation လုပ်ရုံမကပဲ ၂၃/၁၀/၂၀၁၅ တွင်လည်း ၅ ကြိမ်ထပ်မံပြုလုပ်ထားကြောင်း၊ S$102.80 တစ်ကြိမ်၊ S$ 308.40 နှစ်ကြိမ်၊ S$ 303.26 တစ်ကြိမ်၊ S$514 တစ်ကြိမ်တို့ ဖြစ်ကြောင်းပြောပြပါတယ်။ Online ကနေလုပ်သော transation မျာကို country code CYP (Cyprus) ရှိ trading point သို့ လွှဲပြောင်းထားခြင်းဖြစ်ကြောင်းပြောပြပါတယ်။
မမော်က ၎င်းငွေလွှဲပြောင်းမှုများသည်တစ်စုံတစ်ယောက်မှ မသမာသောနည်းလမ်းဖြင့် ပြုလုပ်သွားခြင်းဖြစ်ကြောင်းဘဏ်ဝန်ထမ်းကိုပြောပြခဲ့ ပါသည်။
မမော်သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် Ang Mo Kio South NPC ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ ရာ ရဲမှ အမှုဖွင့်ပေးခဲ့ ပါတယ်။ မမော်ကို လေဆိပ်ရဲမှ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြီး မမော် လေဆိပ်အတွင်းသွားလာခဲ့ သောနေရာများအား CCTV မှတ်တမ်းများမှတဆင့်ကြည့်ရှုခဲ့သော်လည်းထူးခြားမှုမတွေ့ခဲ့ဟုဆိုပါတယ်။ ထို့နောက်ရဲက ဆက်လက်စုံစမ်းရန်အချက်အလက်မလုံလောက်ဟုဆိုကာ အမှုကိုဆက်လက်စုံစမ်းပေးနိုင်ခြင်းမရှိဆိုသောစာကို မမော်ထံပို့ လိုက်ပါတယ်။
DBS bank ကတော့ မမော်ကို စုံစမ်းပေးပါမယ်ပဲတွင်တွင်ပြောနေခဲ့ပါတယ်။ဒါပေမဲ့ ဒီpost ရေးနေချိန်ထိ ဘာမှရေရာသောအဖြေကိုပြောပြနိုင်ခဲ့ခြင်းမရှိပါ။
အင်တာနက်စာမျက်နှာများတွင်လည်း မမော်ကဲ့သို့  အလားတူဖြစ်ရပ်များမှ၎င်းတို့၏အတွေ့အကြုံများကိုဖတ်ရှုရနိုင်ပါတယ်။
သို့ ဖြစ်ပါ၍ DBS bank တွင်စာရင်းဖွင့်လှစ်ထားသူများသည် မမော်ကဲ့သို့ဖြစ်ရပ်မျိုးမကြုံရလေအောင်အထူးသတိပြုနိုင်ကြပါစေကြောင်းဆန္ဒပြုရေးသားဖော်ပြလိုက်ရပါတယ်။
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော
အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection
0 comments:
Post a Comment