ဆော အောက်တိုဘာ ၃
ဆောမြို့နယ်တွင် အမျိုးသား တစ်ဦးက သားကောင်အား တူမီး သေနတ်ဖြင့် ပစ်ခဲ့ရာမှ အမျိုးသမီး တစ်ဦးအား ထိမှန်သေဆုံးခဲ့မှု အောက်တိုဘာ ၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၅ နာရီက ဆောမြို့နယ် ငလယ်ခုံ ကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့် အကွာရှိ ယာတောအတွင်းတွင် စံမင်း (၄၄)နှစ် ငလယ်ခုံကျေးရွာ ဆောမြို့နယ်နေသူသည် တူမီးသေနတ်ဖြင့် သားကောင်(ချေ)အား ပစ်ခတ်ခဲ့ရာ ကိုက် ၁ဝဝ ခန့် အကွာရှိ ပဲစင်းငုံယာခင်းအတွင်း အလုပ်လုပ်နေသည့် တစ်ရွာတည်းနေ ဒေါ်ခင်မြင့်အေး (၃၅) နှစ်အား ထိမှန်ခဲ့သဖြင့် ဒေါ်ခင်မြင့်အေးမှာ ဒဏ်ရာများရရှိကာ သေဆုံးသွားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စံမင်းအား ဆောမြို့နယ် လောင်းရှည်နယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
ကျော်ဇေယျ
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment