ISIS အဖွဲ့ဝင်များနှင့် ယင်းအဖွဲ့နှင့် ဆက်နွှယ်သူ ၃၀ ဦးကို တူရကီဖမ်းဆီး


အန်ကာရာ ၊ ၂၈-၁ဝ-၂ဝ၁၅

တူရကီ ရဲတပ်ဖွဲ့ဝင်များနှင့် အစွန်းရောက် တို့အကြား အောက်တိုဘာ ၂၆ ရက်က ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ISIS အဖွဲ့နှင့် ဆက်နွှယ်သူ ၃ဝ ဦးကို တူရကီ ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း သိရသည်။

တူရကီ ရဲတပ်ဖွဲ့ဝင် များသည် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ISIS အဖွဲ့နှင့် ဆက်နွှယ်သည်ဟု သံသယရှိသူ များကို လိုက်လံဖမ်းဆီး လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်က ဒီယာဘာကာ မြို့ရှိ အစွန်းရောက် အကြမ်းဖက် အဖွဲ့ဝင်များ အသုံးပြုလျက် ရှိသော နေအိမ်တစ်လုံး အား ၀င်ရောက် စီးနင်းမှု ပြုလုပ်စဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီးနင်းမှု အတွင်း ISIS အကြမ်းဖက် အဖွဲ့ဝင် ခုနစ်ဦး သေဆုံးပြီး ယင်းအဖွဲ့နှင့် ဆက်နွှယ်သူ ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင် များသည် အောက်တိုဘာ ၂၇ ရက်တွင် ကွန်ယာနှင့် ကူမရာမြို့ အတွင်း စီးနင်း ဝင်ရောက်မှုများ ပြုလုပ်စဉ် အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်သူ ၃ဝ ဦးကို ထပ်မံဖမ်းဆီး နိုင်ခဲ့ပြီး အခြား ၂၁ ဦးကို အစ္စတန်ဘူလ် မြို့မှ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် အန်နာဒိုလူ သတင်းဌာန က ဖော်ပြထားသည်။

ထို့ပြင် တူရကီစစ်ဘက် တပ်ဖွဲ့ဝင် များသည် ဆီးရီးယားနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ISIS စစ်သွေးကြွ ၁၇ ဦးကို နယ်စပ်ရှိ ကီလီပြည်နယ် ၌ ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment