သာကေတ အငှားယာဉ်မောင်း သတ်ခံရမှု


 အငှားယာဉ်ပေါ်တွင် ယာဉ်မောင်း အမျိုးသား သေဆုံး လျက်တွေ့ရှိသည့် အမှုမှ
ပြစ်မှု ကျူးလွန် သူများကို အချိန်တို အတွင်း ဖော်ထုတ် ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၃၁

၂၇.၁၀.၂၀၁၅ ရက်နေ့ ၀၈၃၀အချိန်တွင် သာကေတမြို့နယ်နေ အငှားယာဉ် မောင်းနှင်သူ ကိုထွန်းလင်းကျော်သည် အငှားယာဉ် ဆွဲရန် ထွက်ခွါသွားရာမှ ၂၂၀၀ အချိန်ထိ နေအိမ်သို့ ပြန်လာ ရောက်ရှိခြင်း မရှိဘဲ ဖုန်းဆက်သွယ် မရသဖြင့် ၂၈.၁၀.၂၀၁၅ ရက်နေ့ ၀၈၀၀ အချိန်တွင် ၎င်း၏ဇနီးဖြစ်သူမှ သာကေတ နယ်မြေရဲစခန်းတွင် လူပျောက် တိုင်ကြား ထားရှိ ခဲ့သဖြင့် လူပျောက် အမှတ်စဉ်(၃၁/၂၀၁၅)ဖြင့် ရေးဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ယင်းသို့စုံစမ်းရှာဖွေလျက်ရှိစဉ် ကိုထွန်းလင်းကျော်မောင်းနှင်သည့် ယာဉ်အမျိုးအစားနှင့် တူသော နံပါတ်ပြားမပါသည့် အငှားယာဉ်(၁)စီးအား ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ မြတောင်ဝန်ကြီးဦးမှိုလမ်းတွင် ရပ်ထားသည်ကိုတွေ့ရှိရသဖြင့် ကိုထွန်းလင်းကျော်၏ ဇနီးထံဆက်သွယ် အကြောင်းကြားကာ စစ်ဆေးခဲ့ရာ ယာဉ်၏ရှေ့ခန်းတွင် ကိုထွန်းလင်းကျော်မှာ ယာလက်မောင်းပြတ်ရှဒဏ်ရာ၊ ယာနံဘေးနှင့် လည်ပင်းတို့၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဒဂုံမြို့သစ်(အရှေ့)မြို့မ ရဲစခန်း(ပ)၆၂၇/၂၀၁၅၊
ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းနှင့် သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ချက်များအရ ယခင်က သန့်ဇင်နှင့် ဝေယံထွန်းတို့သည် သေဆုံးသူထံတွင် ယာဉ်မောင်းအဖြစ်လုပ်ကိုင်စဉ်က အငှားယာဉ်အား နေ့/ညမောင်းနှင်လိုသည့်ကိစ္စဖြင့် စကားများခဲ့ကြကာ အလုပ်ဖြုတ်ခံရပြီး စပေါ်ငွေများအနက် ယာဉ်စစ်ဆေးချက်မှတ်တမ်းများမှ
ပြစ်ဒဏ်အတွက် ပေးလျော်စေ၍ ကျန်ငွေကိုသာ ပြန်လည်ပေးအပ်ခဲ့သဖြင့် အပြည့်အ၀ပြန်လည် မရရှိခြင်းအတွက် မကျေမနပ်ဖြစ်နေကြောင်း၊ လွန်ခဲ့သော(၂)ပါတ်ခန့်က သန့်ဇင်မှ သေဆုံးသူအား ခြိမ်းခြောက်ပြောဆိုသွားကြောင်းသိရှိရသဖြင့် မသင်္ကာ၍ ၎င်းတို့အား စစ်ဆေးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

မသင်္ကာသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဝေယံ(ခ)ဝေယံထွန်း၊ (၂၂)နှစ်အား ၂၈.၁၀.၂၀၁၅ ရက်နေ့တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇)ရပ်ကွက်အတွင်းမှလည်းကောင်း၊ သန့်ဇင်၊ (၂၁)နှစ်အား ၂၉.၁၀.၂၀၁၅ ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီး၊ သုံးဆယ်မြို့နယ်မှလည်းကောင်း တွေ့ရှိထိန်းသိမ်းနိုင်ခဲ့ပြီး
စစ်ဆေးရာ ၎င်းတို့(၂)ဦးသည် သန့ှ်ဇင်၏ကားတွင် အချိန်ပိုင်းမောင်းနှင်သူသက်ပိုင်မှူးဆိုသူနှင့် (၃)ဦးအတူ ကျူးလွန်ခဲ့ကြောင်း သိရှိရသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ သက်ပိုင်မှူး၊ (၂၀)နှစ်အား ဆက်လက်ရှာဖွေဖမ်းဆီးခဲ့ပါသည်။

၎င်းတို့(၃)ဦးအား စစ်ဆေးချက်အရ သန့်ဇင်နှင့် ဝေယံထွန်းတို့သည် အလုပ်ဖြုတ်ခံရခြင်း၊ စပေါ်ငွေအပြည့်အ၀ပြန်လည် မရရှိခြင်းများအတွက် မကျေမနပ်ဖြစ်ကာ (၃)ဦးအတူတိုင်ပင်၍ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်နေ့၀၈၃၀ အချိန်ခန့်တွင် သက်ပိုင်မှူးမှ သေဆုံးသူ၏ယာဉ်အား ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်မှုဇုန်သို့ ငှားရမ်းစီးနင်းခဲ့ပြီး သန့်ဇင်မှာ အခြားအငှားယာဉ်(၁)စီးဖြင့် နောက်မှလိုက်ခဲ့ကာ ဝေယံထွန်းမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)စက်မှုဇုန်၊ ဦးမြတ်ထွန်းလမ်းတွင် ကြိုတင်စောင့်ဆိုင်းနေခဲ့ကြောင်း၊ ဝေယံထွန်းစောင့်ဆိုင်းသည့် နေရာအရောက်တွင် ယာဉ်ကိုငှားရမ်းစီးနင်းလာသူ သက်ပိုင်မှူးမှကိုထွန်းလင်းကျော်၏ လည်ပင်းကို ဓားဖြင့်ထောက်၍ရပ်ခိုင်းပြီး ဝေယံထွန်းမှဝမ်းဗိုက်ကိုဓားဖြင့်ထိုးကာ လက်အားပိုက်ကလစ်ကော်ကြိုးဖြင့် နောက်ပြန်ချည်နှောင်ခဲ့ကြောင်း၊ ၎င်းတို့(၂)ဦးမှ လည်ပင်းအားဓားဖြင့် ထပ်မံထိုးခဲ့ကြောင်း၊ ယင်းသို့ဖြစ်ပွားစဉ် သန့်ဇင်တွင် လက်ကိုင်ဖုန်းမပါ၍ ဆက်သွယ်မရသဖြင့် ရောက်ရှိလာခြင်းမရှိကြောင်း၊ ဝေယံထွန်းနှင့် သက်ပိုင်မှူးတို့မှ မော်တော်ယာဉ်၏ နံပါတ်ပြားအား ဆွဲဖြုတ်ကာ အခင်းဖြစ်နေရာအနီးတွင်လွှင့်ပစ်ခဲ့ပြီး ယာဉ်အားမောင်းနှင်သွားကာ သေဆုံးလျက်တွေ့ရှိသည့်နေရာတွင် ထားခဲ့ခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူ၏ လက်ကိုင်ဖုန်းအား ယူဆောင်ခဲ့ပြီး ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှင့်ပစ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ၎င်းတို့ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် ဓား(၁)ချောင်းနှင့် သေဆုံးသူ၏ လက်ကိုင်ဖုန်းတို့အား ၀ှက်သိမ်းထားရာ သက်ပိုင်မှူးနေအိမ်မှ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့(၃)ဦးကို အမှုဖြင့်
ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment