ဆူးလေဘုရားလမ်းပေါ် ရှန်ဂရီလာဟိုတယ်ရှေ့၌ ယာဉ် ၁ဝ စီး ဆင့်တိုက်မှုဖြစ်ပွား


 နေပြည်တော် အောက်တိုဘာ ၂၁

 ကျောက်တံတားမြို့နယ် ဆူးလေရှန်ဂရီလာ ဟိုတယ်ရှေ့ ဆူးလေဘုရားလမ်းပေါ်တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ် ၁ဝ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဆူးလေ ဘုရားလမ်း သမ္မတရုပ်ရှင်ရုံဘက် မီးရထားခုံးကျော် တံတားအဆင်းဘက်မှ အရှိန်ဖြင့်မောင်းနှင်လာသော ခရီးသည်တင် ဘီအမ်တစ်စီးသည် ဆူးလေရှန်ဂရီလာ ဟိုတယ်ရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကိုယ်ပိုင် ယာဉ်နှင့် အငှားယာဉ်များအား ဆင့်တိုက်ခဲ့ခြင်းဖြစ်သည်။

''ဆူးလေလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်က မီးပွိုင့် မီးစိမ်းပြချိန်မှာ ခုံးကျော်တံတားဘက်ကနေ ဆူးလေ ဘုရားဘက်ကို အရှိန်နဲ့ဆင်းလာတဲ့ ဘီအမ်က သူ့ရှေ့မှာ ရှိတဲ့ ကားလေးတွေကို ဝင်တိုက်မိခဲ့တာ။ ကား ၁ဝ စီး အတွဲလိုက်ဆင့်တိုက်မှုဖြစ်ခဲ့တာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ နာရီဝက်လောက်ဖြစ်ခဲ့တယ်။ ယာဉ်တိုက်မှု ကျူးလွန်သူ ဘီအမ်ယာဉ်မောင်းကို ဖမ်းဆီးထားတယ်''ဟု ကျောက်တံတားမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဘီအမ်ခရီးသည်တင် ယာဉ်ပေါ်မှ အသက် (၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ထားရပြီး ဘီအမ်ယာဉ်မောင်းအား ကျောက်တံတား မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

(ကြေးမုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment