သင်ပေါင်းပိုးအရှင်ကို စားရလောက်အောင် ဘယ်လောက်များ ဗိုက်ဆာနေလို့လဲ

ဒီလို တွားသွားပိုးကောင်တွေကို စားဖို့ရောင်းတာ နှစ်ပိုင်းအတွင်း သိသိသာသာများလာပါတယ်။ မတူညီတဲ့ ပရိုတိန်းဓာတ်ကို ရတယ်ဆိုပြီး ရောင်းစားဖို့လုပ်လာကြလို့ပါ။

ဆေးဘက်ဝင်အရွက်တွေထည့်၊ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး ပိုးကောင်တွေကို ချက်စားတယ်ဆိုရင် ခင်ဗျားတို့ စိတ်ထဲဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ခုတော့ အသက်ရှင်လျက်ရှိနေတဲ့ ပိုးတစ်ကောင်ကို ပါးစပ်ထဲထည့်ပြီး စားတယ်ဆိုတော့ တော်ရုံတန်ရုံ အစားအသောက် သောင်းကျန်းတဲ့သူကိုတောင် တုန်လှုပ်သွားစေမှာပါ။


ဒီလို အသက်ရှင်လျက် ပိုးကောင်ကို ပါးစပ်ထဲထည့်ပြီး စားတဲ့ ဗီဒီယိုဖိုင်တွေ Facebook ပေါ်မှာ ပြန့်လို့နေပါတယ်။ သင်ပေါင်းပိုးတွေကို ပဲငံပြာရည်၊ လျှာလကာရည်စိမ်ပြီး စားနေတဲ့ အကျီင်္မဲ့ လူတွေကို ရိုက်ထားတဲ့ ဗီဒီယိုဖိုင်ပါ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က Facebook ပေါ်မှာ စပြီးတင်ခဲ့တာဖြစ်ပြီး Like တစ်သောင်းထက်မနည်း ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလိုထူးခြားဆန်းပြား အစားအစာနဲ့ ဘီယာပုလင်းတွေချပြီး စားသောက်နေကြတဲ့ အကျီင်္မဲ့  လူအုပ်စုပါတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့သူကတော့ စင်ကာပူလူမျိုး ဓာတ်ပုံဆရာ Willy Foo ဆိုသူပါပဲ။ ထိုင်း ဒါမှမဟုတ် ကမ္ဘောဒီယားမှာ ရိုက်ကူးခဲ့ပုံရပါတယ်။


ပန်းကန်ရဲ့ အပြင်ဘက်ကိုရောက်အောင် လူးလွန့်လှုပ်ရှားနေတဲ့ ပိုးကောင်တွေကို အရှင် (ဒါမှမဟုတ်) ချက်ပြီး စားလို့ရပါတယ်တဲ့။ လူးလွန့်ပြီးထွက်ပြေးနေတဲ့ သင်ပေါင်းပိုးကောင်တွေဟာ ကျွမ်းကျင်လှတဲ့ တူညှပ်ချက်တွေအောက်မှာ ခပ်မြန်မြန်ပဲ မိသွားကြပါတယ်။ လူတစ်ယောက်ကတော့ ညှပ်ထားတဲ့တူကို ပါးစပ်ဆီပို့လိုက်ပြီး မြိုမချခင်မှာပဲ ခပ်သုပ်သုပ်လေး ၀ါးလိုက်ပါတယ်။ ကျန်တဲ့သူတွေကတော့ ဝေးခနဲ၊ ၀ါးခနဲ ကောင်းချီးပေးလိုက်ကြပြီး တစ်ယောက်တစ်လှည့်စီ စားတာကို ကင်မရာက ပတ်ရိုက်တော့တာပါပဲ။

ပြီးခဲ့တဲ့ နှစ်နာရီလောက်အထိတော့ ဒီဗွီဒီယိုဖိုင်ကို လူ၃သန်းနီးပါးဝင်ကြည့်ကြပြီး၊ share လုပ်သူအရေအတွက်ကလည်း ၅သောင်းကျော်ရှိနေပါတယ်။ အင်းဆက်ကောင်၊ ပိုးကောင်တွေစားတဲ့ အကျင့်က ကမ္ဘာ့နေရာအချို့မှာ ကြွင်းကျန်ရစ်ဆဲဖြစ်ပြီး လူဦးရေ သန်းနှစ်ထောင် အနည်းဆုံး ရှိတယ်လို့ ကုလသမ္မဂ၊ အစားအစာနှင့်စိုက်ပျိုးမွေးမြူရေး အဖွဲ့အစည်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

( Skyler )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com
Ref:Daily Mail 
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment