ကနေဒါ အာကာသယာဉ်မှူးမှ အာကာသယာဉ်ပေါ် အသံသွင်းထားတဲ့ အယ်လ်ဘမ် ထွက်ရှိမယ်


ကမ္ဘာ့အပြင်ဘက် အာကာဟင်းလင်းပြင် တေးသွား၊ တေးလုံးများ အရူးအမူး စွဲလမ်းနှစ်သက်တဲ့ Pink  Floyd တို့လို band နှစ်ခုလောက် ရှိကောင်းရှိပါလိမ့်မယ်။ သို့ပေမယ့် အာကာသယာဉ်ပေါ် အသံသွင်းယူ ထားတဲ့ တေးအယ်လ်ဘမ်တစ်ခု ထုတ်လုပ် ဖြန့်ချိတော့မယ့် ကနေဒါအာကာသယာဉ်မှူး Chris Hadfield နဲ့တော့ လုံးလုံး မသက်ဆိုင်ပါဘူး။
Space Session လို့ ခေါင်းစီးပေးထားတဲ့ အယ်လ်ဘမ်ထဲမှာ “Ride that Lightning” နဲ့ “Feet Up” လို့ အသီးသီးခေါင်းစဉ်ပေးထားတဲ့ တေးသီချင်းများနဲ့အတူ အာကာသ ခရီးပျံသန်းမှု အတွေ့ကြုံများအကြောင်း မှတ်တမ်းတင်ထားတဲ့ သီချင်း ၁၂ ပုဒ် ပါဝင်ပါတယ်။ ယင်းတေးသီချင်းအယ်ဘမ်ကို အောက်တိုဘာလ ၉ ရက်နေ့ ဖြန့်ချိဖို့အတွက် စီစဉ်ထားပါတယ်။
Hadfield ဟာ ၂၀၁၃ က David Bowie သီချင်း Space Oddity အတွက် ကူညီသီဆိုပေးပြီး Youtube ပေါ်တင်တဲ့အချိန်မှာ အွန်လိုင်းပေါ် လူသိများလာခဲ့သူဖြစ်ပါတယ်။ ယင်းဗွီဒီယိုကို ဝင်ရောက်ကြည့်ရှုမှု ၂၆ မီလျှံထက် မနည်းရှိခဲ့ပါတယ်။
အရင်ကပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ကမ္ဘာဆွဲငင်အားမရှိဘဲ ဂီတာတီးရတာ ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပါ သို့ပေမယ့် စတိုင်အမျိုးမျိုးဖြင့် သူ ပြောင်းလဲတီခတ်နိုင်ခဲ့ကြောင်း Hadfield က ပြောဆိုခဲ့ပါတယ်။
အဲဒါတင်ကပါဘူး။ အာကာသဟင်းလင်းပြင်မှာဆို သူ့အသံက သိသိသာသာ ပြောင်းလဲသွားတယ်။ ဒါ အာကာသဟင်းလင်းပြင်က အသံ၊ ကမ္ဘာမြေက အသံမဟုတ်ဘူးလို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။ 
Ref: cctvnews
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment