နိုင်ငံရေးအကျဉ်းသားများ ဖမ်းဆီးခံကျောင်းသားများကို ပြန်လွှတ်ပေးရန် တကိုယ်တော် ဂုဏ်ပြုချီတက်တောင်းဆို


 ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားများနှင့် ၀န်းရံပြည်သူများ၊ အစာငတ်ခံဆန္ဒပြသော ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မိုင်းဆန်းတို့၏ လုပ်ရပ်အား ထောက်ခံခြင်းနှင့် ထိုသူများအားလုံး ပြန်လွှတ်ပေးရန် တကိုယ်တော်ချီတက်လမ်းလျှောက်ဂုဏ်ပြုခြင်းကို အောက်တိုဘာ ၂၃ ရက် မနက် ၇ နာရီ ၃၀ မိနစ်တွင် ပဲခူးမြို့မှစတင်၍ သာယာဝတီ အကျဉ်းထောင်အထိ ချီတက်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ကိုနိုင်နိုင်အောင်က News Watch သို့ ပြောသည်။

“လက်ရှိအစိုးရဖြစ်တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသော ကျောင်းသားများနဲ့ ၀န်းရံပြည်သူတွေကို ဒီအစိုးရ လက်ထက်မှာပဲ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒီနေ့မှာပဲ ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မိုင်းဆန်းက ဒီနေ့ သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြတဲ့အတွက် သူ့ကိုလည်း ဂုဏ်ပြုတဲ့အနေနဲ့ အခုလို တကိုယ်တော် ချီတက်လမ်းလျှောက်ရတာ ဖြစ်တယ်”ဟု ပဲခူးမြို့တွင်နေထိုင်သော တကိုယ်တော်လမ်းလျှောက်ချီတက်သူ ကိုနိုင်နိုင်အောင်က ပြောသည်။

တကိုယ်တော် စတင်လမ်းလျှောက်ချီတက်ချိန်တွင် ပဲခူးမြို့ အမှတ်(၂)စခန်းမှူး ဦးစိန်လွင်မှ တားမြစ်ခဲ့သော်လည်း ဆက်လက်ချီတက်ခဲ့ကြောင်း ၄င်းက ပြောသည်။
“ကျွန်တော် စထွက်တဲ့အချိန်မှာ ပဲခူးမြို့ အမှတ် ၂ စခန်းမှူးဦးစိန်လွင်က မသွားဖို့တားတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ကျွန်တော်မေးတော့ သူ မဖြေနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဆက်သွယ်လာခဲ့တယ်။ ဒီလိုလမ်းလျှောက်တာ ပုဒ်မ ၁၈ ကို အယုံအကြည်မရှိတဲ့အတွက် ခွင့်ပြုမိန့်လည်း မတင်ဘူး”ဟု ၄င်းက ပြောသည်။

သာယာဝတီအကျဉ်းထောင်သို့ အရောက်တွင် ဗကသအလံအား အစာငတ်ခံဆန္ဒပြသော ဖမ်းဆီးခံထားရသော ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား ပေးအပ်ဂုဏ်ပြုသွားမည်ဟုလည်း သိရသည်။

နောင်လေး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment