ပြည်ခိုင်ဖြိုး၏ ရေဘေး ကယ်ဆယ်ရေး ရန်ပုံငွေပွဲတွင် အနုပညာရှင်တချို့ ဖျော်ဖြေမှုမရှိ


ဧရာဝတီတိုင်း ဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက ပြုလုပ်သည့် ရေဘေး ကယ်ဆယ်ရေး ရန်ပုံငွေ စတိတ်ရှိုးပွဲတွင် အနုပညာရှင်တချို့ ဖျော်ဖြေခြင်း မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေဘေး ကယ်ဆယ်ရေးဟု ခေါင်းစဉ် တပ်ထားသော်လည်း ပါတီ နိုင်ငံရေးနှင့် ရောယှက်နေ၍ အားလုံးပါဝင် ဖျော်ဖြေနိုင်ခဲ့ခြင်း မရှိကြောင်း အနုပညာရှင်များက ပြောသည်။

''ရိုးသားကြိုးစား ဧရာဝတီသားများ အားလုံးခေါင်းစဉ် တစ်ခုအောက်မှာ ရှိနေတဲ့ ဒီနေ့ည Show မဆိုဖြစ်တော့တဲ့ အတွက် အားလုံး တောင်းပန်ပါတယ်။ အရိုးသားဆုံးနဲ့ အရှင်းဆုံး အနုပညာ အလုပ်ကိုပဲ လိပ်ပြာ သန့်သန့် တစ်သက်လုံး ထမ်းဆောင်ပါမည်။

ဘယ်ခေါင်းစဉ်အောက်မှာမှ မရှိတဲ့ ကျွန်တော် မောင်မင်းသွေး တောင်းပန်တယ်ဆိုတဲ့ စကားထက် လေးနက်တဲ့ စကားရှိလျှင် ကျွန်တော့် ပရိသတ်အားလုံး တောင်းပန်ပါတယ်'' ဟု ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ကိုမင်းသွေးက ၎င်း၏ဖေ့စ်ဘွတ်စ် လူမှုကွန်ရက်တွင် ရေးသားထားသည်။

မူလအစီအစဉ်တွင် ဖျော်ဖြေရန် ပါဝင်သူများမှာ ထွန်းထွန်း၊ ယုန်လေး၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ နိုင်းဝမ်း မင်းသွေး၊ ဆူဇီ၊ ဆူပါမော်ဒယ်၊ Wanter Reason Idots SRAHI ၊ Dဖြိုး ၊ Wai လျှံ၊ မိုးယံဇွန်၊ နေဒွေး၊ ဥဂ္ဂါ၊ Poppy Pyonn (ပြုံးမြသွယ်) တို့ ဖြစ်သည်။

ယမန်နေ့ညက ဖျော်ဖြေပွဲတွင် ဒီဖြိုး၊ ယုန်လေး၊ နိုင်းဝမ်း Idiots တို့သာ သီဆိုဖျော်ဖြေခဲ့ပြီး၊ ကိုးနာရီခွဲခန့်နှင့်ပင် သိမ်းခဲ့သည်ဟု အဆိုပါ ရန်ပုံငွေပွဲသို့ သွားရောက်ခဲ့သည့် ပုသိမ်ဒေသခံ ကိုမျိုးလင်းကိုက The Messenger Media သို့ပြောသည်။

''ရဲကားတစ်နှစ်စီး တွေ့တယ်။ လုံခြုံရေးကလည်း အပြည့်ပဲ။ ပွဲကတော့ ပထမ ထွန်းထွန်းတို့၊ မိုးယံဇွန်တို့ ပါပါတယ် ဆိုတော့ သွားတာ။ နောက်ကျတော့ သူတို့လည်း မဆိုဘူး။ ပွဲကိုလည်း အစောကြီး သိမ်းလိုက်တယ်။ ပရိတ်သတ် ကတော့ ငါးထောင်လောက် လာပါတယ်'' ဟု ပုသိမ်ဒေသခံ ကိုသက်ပိုင်ဝင်းက ဆိုသည်။

''ကျွန်တော်တို့ အနုပညာရှင်တွေကို ရေဘေး အလှူခံပွဲမှာဆို ပေးဖို့ လာရောက် ကမ်းလှမ်းပြီးမှ ကျွန်တော်တို့တွေ ပွဲထဲမရောက်ခင်မှာ ပါတီနိုင်ငံရေးနဲ့ ပတ်သက်တာတွေ လုပ်ဆောင်ကြတယ် ဆိုတာသိရလို့ တော်တော်လေး ၀မ်းနည်းမိပါတယ်'' ဟုလည်း နိုင်းဝမ်းက သူ၏ကိုယ်ပိုင် ဖေ့စ်ဘုတ်စ်တွင် ရေးသားထားသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် ရန်ပုံ အခမဲ့ ဖျော်ဖြေပွဲသို့ လာရောက်သူများကို ပြည်ခိုင်ဖြိုးပါတီမှ စတစ်ကာများ ကပ်ပေးခဲ့ကြသလို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပုသိမ်မဲဆန္ဒနယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများလည်း လာရောက်ခဲ့သည်။
Source:messenger news journal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment