ကိုယ်ဝန်ဆောင်ချိန် ကာလအတွင်း မိခင်လောင်းတွေ လုံးဝရှောင်ကြဉ်သင့်တဲ့ အရာများ

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အစစအရာရာကို ဂရုစိုက်၊သတိထားရမယ့်အချိန်မှာ။ တစ်နေ့ စားတဲ့ အစားအစာကနေ သာမန်လှုပ်ရှားမှုလေးတွေကအစ ၊ သင်ရဲ့တစ်နေ့ တာဟာ မွေးဖွားလာမယ့် သင့်ရင်သွေးလေးရဲ့ ကြီးထွားမှုနဲ့ ဖွံ့ ဖြိုးမှုကို သွားရိုက်ခတ်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာသန်စွမ်းတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်ဖို့ ပြုမူနေထိုင်ရမယ့်အချက်တွေအပေါ် ပါးစပ်ပြောအချက်တွေကလည်း အများကြီးရှိတာမို့ မိခင်လောင်းအနေနဲ့ ဘယ်ဟာကို လိုက်နာရမှန်းမသိ ရှုပ်ထွေးတတ်ပါတယ်။
နိုင်ငံတကာ အသိအမှတ်ပြု၊ ကိုယ်ဝန်ဆောင်ချိန်၊နို့ ချိုတိုက်ကျွေးချိန်နဲ့ ရင်သွေးငယ်အာဟာရ အကြံပေးပညာရှင် Sonali Shivlani က ရင်သွေးအတွက်အရေးပါတဲ့ ကိုးလတာကာလအတွင်း မိခင်လောင်းတစ်ယောက်အတွက် အန္တရာယ်မကင်း၊စိတ်မချရတဲ့အပြုအမူတွေကို စာရင်းပြုစုပေးခဲ့ပါတယ်။
၁။ အရက်သောက်သုံးခြင်း
ကိုယ်ဝန်ဆောင်စဉ် အရက်သောက်သုံးမယ်ဆိုရင် ဘယ်လောက်ပမာဏ သောက်တာက စိတ်ချရသလဲ ဆိုတာ တိကျသေချာတဲ့ လမ်းညွှန်ချက်မရှိပါဘူး။ ဒါပေမယ့် လေ့လာမှု၊ သုတေသနပြုစောင့်ကြည့်ချက် အများအပြားအရ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်းဟာ ကလေးကြီးထွားမှုနှေးကွေးခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုနည်းခြင်းနဲ့ သင်ယူမှုပိုင်းမှာချို့ ယွင်းချက်တွေ ရှိကြောင်း ကောက်ချက်ချထားပါတယ်။ ဒီ့အပြင် ကိုယ်ဝန်ဆောင်စဉ် အရက်ပမာဏအများအပြားသောက်သုံးခြင်းဟာ သန္ဓေသားအယ်လ်ကိုဟောဆင်ဒရုန်းလို့  ခေါ်တဲ့ ရောဂါတစ်မျိုး ကလေးမှာ သွားရှိနိုင်ပါတယ်။
၂။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် နေ့ မစေ့ဘဲမွေးဖွားခြင်း၊ ရေမြွှာစောစီးစွာပေါက်ခြင်း တို့ ဖြစ်နိုင်ပါတယ်။ သန္ဓေသား အောက်စီဂျင်မ၀မှု၊ ကလေးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပေါ်မှုကို ထိခိုက်ချို့ ယွင်းမှု၊ မွေးရာပါ  ချို့ ယွင်းချက်၊မူမမှန်မှုများရှိခြင်း၊ သန္ဓေသားအလေးချိန်နဲ့ အရွယ်အစားကျဆင်းခြင်း (ပေါင်မပြည့်ခြင်း) တို့ ဖြစ်နိုင်ပါတယ်။
၃။ မူးယစ်ဆေးသုံးခြင်း
ကိုကိန်း၊ဆေးခြောက်စတဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲခြင်းဟာ ဗိုက်ထဲကကလေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ မွေးဖွားရာပေါင်မပြည့်ခြင်း အပါအ၀င် မီးမဖွားခင်နဲ့ မီးဖွားပြီးနောက်မှာ တခြား နောက်ဆက်တွဲရောဂါပြဿနာတွ ဖြစ်စေနိုင်ပါတယ်။
၎။ ရေပူချိုးခြင်းနဲ့ ပေါင်းခံချွေးထုတ်ခြင်း
ပေါင်းခံချွေးထုတ်ခြင်း နဲ့ ရေပူ၊ရေနွေးနဲ့ ရေချိုးခြင်းတို့ ကို ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်ပါတယ်။ ရင်ဘတ်ပိုင်းကို ရေနွေးအိတ်ကပ်ခြင်းစတဲ့ အပြူအမူတွေကြောင့် သားအိမ်မှာ အပူချိန်လွန်ကဲကာ ဆိုးရွားတဲ့ အခြေအနေမှာဆိုရင် အထဲက ကလေးအသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ ပထမသုံးလပတ်၊ကိုယ်ဝန် ဆောင်ချိန်မှာ မိခင်ဖျားနာကိုယ်ပူခြင်း အပါအ၀င် အပူချိန်လွန်ကဲမှုနဲ့ ထိတွေ့ ခြင်းဟာ ကလေးအာရုံကြော အင်္ဂါတွေကို သွားထိခိုက်စေနိုင်ပါတယ်။
၅။ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှု
အပေါ့စားလေ့ကျင့်ခန်းလေးတွေ အသင့်အတင့် လုပ်ပေးသင့်တယ်လို့ ဆရာဝန် အများအပြားက အကြံပေးထားပါတယ်။ ဒါပေမယ့်လည်း နှလုံးခုန်နှုန်း 160 bpm ( တစ်မိနစ် ၁၆၀ ကြိမ်နှုန်း) ထက်ပိုတဲ့ လှုပ်ရှားမှုမျိုးလုပ်တာက သန္ဓေသားမှာ အောက်စီဂျင်ရရှိမှုနည်းပါးသွားပြီး ဦးနှောက်ကို အောက်စီဂျင်မရောက်ရှိကာ ဦးနှောက်ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။
၆။ အိမ်မှာအနှိပ်ခံခြင်း
စနစ်တကျလေ့ကျင့်သင်ယူထားတဲ့ အကြောပြင်၊အနှိပ်ဆရာတွေရှိတဲ့ spa ကို သွားခြင်းက ဘာမှမဖြစ်ပေမယ့် အရပ်ထဲက အနှိပ်သည်၊အကြောပြင်ဆရာတွေခေါ်နှိပ်ခြင်း၊ အိမ်ကလူကိုနှိပ်ခိုင်းခြင်းတို့ က သားအိမ်ကို ဖိအား သက်ရောက်မှုဖြစ်နိုင်ပြီး အစောကြီး ၀မ်းနာခြင်းတွေ ဖြစ်နိုင်ပါတယ်။
၇။ နာရီကြာကြာရပ်ခြင်း
နာရီတော်တော်ကြာကြာ ရပ်နေခြင်းက ခြေသလုံးမှာသွေးကြောထုံးခြင်း၊ ဖောင်းခြင်းရောင်ခြင်း တွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ထိုင်ခြင်း၊လှဲနေခြင်းတို့ က အနားယူဖို့ အကောင်းဆုံးပုံစံ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီးလည်း ထိုင်မနေသင့်ပါဘူး။
၈။ X-Rays
ခဲပါတဲ့ရှေ့ ခါးစည်းအဖုံးနဲ့ ဝမ်းဗိုက်ပိုင်းကို ဖုံးအုပ်ထားခြင်းမရှိဘူးဆိုရင် တတ်နိုင်သမျှ X-Ray ရောင်ခြည်တွေကို ရှောင်သင့်ပါတယ်။ သန္ဓေသားကို X-ray ရောင်ခြည်ထိတွေ့ ခြင်းက ကလေးမှာချို့ ယွင်းချက်တွေ ရှိနိုင်ပါတယ်။ X-Rays က ရေဒီယိုသတ္တိကြွရောင်ခြည်ကြောင့် မျိုးရိုးဗီဇပျက်စီးမှုတွေဖြစ်နိုင်ပြီး၊ မွေးမဖွားခင် ကလေးငယ် သေဆုံးခြင်း၊ သန္ဓေသားမှာ အန္တရာယ်ရှိရောဂါတွေ စွဲကပ်နိုင်ပါတယ်။
၉။ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုဟာ မိခင်ကော၊ကလေးငယ်ရဲ့ကျန်းမာရေးကိုပါ ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ ၀မ်းတွင်းကသန္ဓေသားဟာ မိခင်ဖြစ်သူရဲ့ စိတ်ခံစားမှုကို ထပ်ဆင့်ခံစား နိုင်ပြီး ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးမှုကို ထိခိုက်နိုင်ကာ လူလားမြောက်တဲ့အခါ ကလေးငယ်ဟာ အကြောက်လွန်ကဲမှုတွေရှိနိုင်ပါတယ်။
၁၀။ အာဟာရမမျှတတဲ့နေ့ စဉ်အစားအစာ
နေ့ စဉ်အစားအစာကို အာဟာရမမျှတအောင်စားတာကြောင့် သန္ဓေသားကောင်းမွန်စွာဖွံ့ ဖြိုးမှုမရှိနိုင်သလို မိခင်ရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်မှာ တိုးလာတဲ့ ကိုယ်အလေးချိန်ကို ပြန်လျှော့ရာမှာ အခက်အခဲရှိနိုင်ပါတယ်။
Ref:thehealthsite
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment