ကိုယ်ယုံယုံကြည်ကြည်နဲ့ မဲထည့်လိုက်တဲ့ ပါတီက အနိုင်ရသွားတာမို့ အတိုင်းမသိ ၀မ်းသာတယ်လို့ ဖွင့်ဟလာတဲ့ သင်ဇာဝင့်ကျော်

NLD ပါတီကိုပဲ မဲပေးခဲ့တဲ့ သင်ဇာဝင့်ကျော်က လက်ရှိ မြန်မာနိုင်ငံရွေးကောက်ပွဲအရေးနဲ့ပတ်သက်ပြီး သူမရဲ့အမြင်များကို ပြောပြာလာသလို သူမရဲ့ အနုပညာရေးရာအကြောင်းများနဲ့ လက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်းကိုပါ ပြောပြလာတာကြောင့်
-၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့သင်ဇာ့အမြင်လေးကိုလဲ သိချင်ပါတယ်။
-ဟုတ်ကဲ့ပါ။ NLD ကိုယုံကြည်တယ်လေ။ အဲ့ဒါကြောင့် NLD ပဲ မဲထည့်ခဲ့တယ်။ အများကြီးပိုပြီးကောင်းလာလိမ့်လို့မျှော်လင့်ပါတယ်။ ကောင်းလာလိမ့်မယ်လို့လဲထင်တယ်။ ဒါပေမဲ့ အဲ့ဒီလိုအများကြီးပြောင်းလဲပြီးကောင်းလာ ဖို့က အုပ်ချုပ်တဲ့သူတစ်ယောက်တည်းမှာပဲ တာဝန်ရှိတာမဟုတ်ဘူး။ နိုင်ငံသားတွေအကုန်လုံး စည်းကမ်းလဲရှိ၊ အကျင့်စာရိတ္တလဲကောင်းမွန်ပြီး ကိုယ့်ကိုကိုကောင်းအောင်လုပ်သွားမှ တစ်ဦးတစ်ယောက်ချင်းစီကောင်းအောင် လုပ်သွားမှ ဒီနိုင်ငံကြီးက တိုးတက်ပြီးပြောင်းလဲသွားမှာပေါ့။ အုပ်ချုပ်တဲ့သူတစ်ယောက်တည်းပြောင်းလဲလို့မရဘူး။ ကိုယ်ကိုတိုင်လဲပြောင်းလဲဖို့အရေးကြီးတယ်။
-အခု NLD ကမဲများနေတယ်လို့ပြောနေကြတယ်နော်။
တရားဝင်မကြေညာသေးပေမဲ့ မဲတွေလဲပိုပြီးသာတယ်ဆိုတော့ ပျော်တာပေါ့။ အရမ်းဝမ်းသာတယ်။ ဘယ်လိုပျော်မှန်းကိုမသိတာ။ ကိုယ်ယုံယုံကြည်ကြည်နဲ့မဲထည့်လိုက်တဲ့ပါတီက အနိုင်ရသွားတယ်ဆိုတော့ အတိုင်းမသိဝမ်းသာမိတာပေါ့နော်။
-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
အခုရိုက်နေတဲ့ ကားလေးက ၀ိဥာဉ်ကကြိုးတဲ့။ ဒါရိုက်တာက ကိုဆာမိ၊ ကိုအောင်ရဲလင်းရယ်၊ရွှေမှုန်ရယ်၊ နောက်သင်ဇာရယ်ပေါ့။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး။ နောက်ဒရာမာရိုမန့်စ်လေးပေါ့။ သင်ဇာက တက္ကသိုလ်ကျောင်းသူ တစ်ယောက်၊ သူငယ်ချင်းကိုလဲ အရမ်းချစ်ပြီးတော့ သူငယ်ချင်း ကကိုယ့်အပေါ်မှာ ဘယ်လိုပဲအနိုင်ကျင့်ကျင့်သည်းခံတယ်။ ဘာလို့လဲဆိုတော့ သူငယ်ချင်းကလဲ ကိုယ့်အပေါ်မှာ ကျေးဇူးလဲ မကင်းဘူးဆိုတော့ ထားရာနေစေရာ သွားပုံစံမျိုးပေါ့။
-ဒီကားလေးနဲ့ပတ်သက်ပြီး မရိုက်ခင်ဘယ်လိုပြင်ဆင်မှုတွေလုပ်ခဲ့ရလဲ။
ကိုဆာမိကတော့ ဒီကားမှာ အ၀တ်အစားဒီဇိုင်းနဲ့ပတ်သက်ပြီး အရမ်းရိုးတဲ့ကောင်မလေးဆိုတော့ အရောင်ခပ်မှိုင်းမှိုင်းလေးတွေ၊ နောက်ပျဉ်ထောင်အိမ်မှာနေတဲ့ ပုံစံမျိုးလေးတွေ အ၀တ်အစားပိုင်းနဲ့ ပတ်သက်ပြီးသေချာ မှာတယ်။ နောက်အိပ်မက် အခန်းလေးတွေမှာ သူလိုချင်တဲ့ပုံစံမျိုးလေးတွေကိုသေချာမှာလို့ကိုယ့်ဖက်ကပြင်ဆင်ထားပါတယ်။
-သင်ဇာ့အနေနဲ့ဒီကားကြီးက ၂၀၁၅ ထဲမှာရိုက်တာဘယ်နှစ်ကားမြောက်ဖြစ်မလဲ။
၅ကားမြောက်ပါ။ ဒီကားပြီးရင်လဲ ခရေဖြူနဲ့ပဲ ကားကြီးတစ်ကား ထပ်ရိုက်ဖို့ရှိတယ်။ ရက်တော့အတိအကျမသိရသေးပါဘူး။
-ဒီနှစ်ထဲမှာ သရုပ်ဆောင်တော်တော်များများကားကြီးကို ဦးစားပေးရိုက်လာကြတယ်။ သင်ဇာ့အနေနဲ့ရော။
ဒီနှစ်ထဲမှာ ကားကြီးများတယ်။ ဗီဒီယိုလဲ အထိုက်အလျောက်တော့ များပါတယ်။ ဒီနှစ်ထဲမှာ ခရီးထွက်ရတာတွေအရမ်းများတယ်။ ခရီးတော်တော်လေးထွက်ရတယ်ပေါ့။
-ဟိုတလောတုန်းကလဲ ဒီးဒီတို့ခင်လေးနွယ်တို့နဲ့ ခရီးသွားတာတွေ့ရတယ်။
ဟုတ်တယ်။ သြစတေးလျကိုပေါ့။ တစ်လနီးပါးလောက်ကြာတယ်။ ဒီးဒီဆိုလဲ သူ့ပွဲတွေဖျက်ရတယ်။ ကိုယ်လဲကားရိုက် ၃ကားလောက်ဖြတ်လိုက်တယ်။ အကုန်လုံး အလုပ်တွေဖြတ်ပြီးမှ သွားတာပေါ့။ နှစ်ယောက်စလုံးက သင်ဇာ့ထက်လဲ အသက်ကြီးတယ်။ ဒါပေမဲ့လဲ ဒီးဒီကလဲ ကလေးရုပ်လေး၊မခင်လေးကလဲ အရမ်းရုပ်ကနုတော့ သုံးယောက်က သွားလိုက်လို့ရှိရင် ရွယ်တူတွေလိုပဲပေါ့။ ကိုယ်တစ်ယောက်တည်းပဲ ရုပ်ကရင့်နေတာ။ ဒါပေမဲ့သူတို့ကပေါင်းလို့အရမ်းကောင်းတယ်။ Open Type တွေပေါ့။ သူငယ်ချင်းလိုပဲပေါင်းပေါင်း၊ အမကြီးတွေလိုပဲပေါင်းပေါင်း ပေါင်းလို့ကောင်းတယ်။ သွားတဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာလဲ အားလုံးက ညီအမ ရင်းလိုတွေပဲစောင့်ရှောက်ကြတယ်။
-အဲ့ဒီသွားတုန်းကလဲ ဘစ်ကနီနဲ့ပုံလေးတင်တာတွေ့ရတယ်။ အဲ့ဒီပုံတင်ဖြစ်ပုံလေးကိုလဲပြောပြပေးပါဦး။
ဒီလိုပဲ။ ကိုယ်က လဲကိုယ့်ဟာကိုယ် တစ်ယောက်ထဲ ဘစ်ကနီဝတ်ပြီး ရိုက်နေတာပဲ၊ အဲ့ဒီမှာ မခင်လေးတို့ဒီးဒီတို့ကလာလာ သင်ဇာနောက်ကျောလေးရိုက်မယ်ဆိုတော့ ၀င်ရိုက်လိုက်တာပေါ့။ ရိုက်ပြီးတဲ့အချိန်မှာ ပုံလေးက လှတော့ ကိုယ်လဲတင်လိုက်တာပေါ့။ ခရီးသွားတဲ့အခါကျတော့ ကိုယ်ကိုတိုင်လဲစိတ်လွတ်ကိုယ်လွတ်ဖြစ်တယ်။ နောက် Beach လဲရောက်တော့ဝတ်ပြီးတင်ဖြစ်သွားတယ်။ ရန်ကုန်မှာဆိုရင်တော့ ရေကူးကန်သွားမှပဲတင်ဖြစ်မှာပါ။ အဲ့ဒါကြောင့်မို့ ခရီးသွားရင်တင်ဖြစ်သွားတဲ့ သဘောပေါ့။ နောက် ဟိုတလောကလဲ Chatrium Hotel မှာ Swimsuit နဲ့ ကလင်ဒါ ရိုက်ဖြစ်လို့တောင်တင်ထားသေးတယ်။
-တန်ဆောင်တိုင်ကရော ဘယ်မှာရှိမလဲ။
ကလောမှာ ဒီကားရိုက်ရင်းနဲ့ပဲဖြတ်သန်းဖြစ်မှာပါ။
-New Year ကရော ခရီးထွက်ဖြစ်ဦးမလား။
ခရီးကတော့သွားချင်တယ်။ ဒါပေမဲ့ အလုပ်အားမအားသေချာ မသိသေးလို့ပြောလို့တော့မရသေးဘူးပေါ့။
-သင်ဇာ့အချစ်ရေးကဘယ်လိုရှိလဲ။
တစ်ယောက်တည်းအေးအေးဆေးဆေးပါပဲ။ ယောက်ျားတစ်ယောက်က မလိုတော့ဘူးလို့တော့ပြောလို့မရသေးဘူး။ သင်ဇာအခုချိန်မှာ ရည်းစားမထားတာ၊ အိမ်ထောင်မပြုသေးတာကမိဘကိုငဲ့နေလို့လေ။ သင်ဇာတို့မောင်နှမလေးယောက်ထဲမှာ သင်ဇာပဲလူပျိုလူလွတ်လေ။ အိမ်ထောင်သည်တွေကတော့ မိဘကို လူပျိုလူလွတ်လောက်မကြည့်နိုင်ကြတော့ဘူး။ ကိုယ်တစ်ယောက်ပဲမိဘကိုကြည့်နိုင်တာဆိုတော့ ပြောမယ်ဆိုရင်တော့ အဖေနဲ့အမေကို ငဲ့နေလို့မယူဖြစ်သေးတာပါ။ တကယ်လို့ယူဖြစ်မယ်ဆိုရင်လဲ အဖေအမေကိုကြည့်နိုင်တော့မှာ မဟုတ်ဘူးလေ။ အဲ့ဒီအတွက်ကြောင့်စဉ်းစားနေတယ်။ ဒါပေမဲ့ ကိုယ့်အသက်အရွယ်ကလဲ ရှိသေးတယ်။ မိန်းကလေးတစ်ယောက်ဆိုတာက အသက်အရွယ်ကြီးရင် ရှားသွားပြီ။ အသက်အရွယ်ကြီးရင် ဘယ်သူမှမလိုချင်တော့ဘူး။ အဲ့ဒါကလဲ ရှိသေးတော့ ချိန်နေရာတာပေါ့။
-ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။
သင်ဇာ ကားကြီးတွေလဲအများကြီးရိုက်ထားတယ်။ ရုံတင်ရင်လဲလာပြီးအားပေးကြပါလို့။ ဗီဒီယိုကားတွေကိုအားပေးကြတဲ့ပရိသတ်တွေကိုလဲ အရမ်းကိုကျေးဇူးတင်တယ်။ ဒီကြားထဲမှာ သင်ဇာ စကားအပြောအဆိုမှားသွားခဲ့တာရှိရင်လဲ ဒီကနေတောင်းပန်ပါတယ်လို့ပြောပြပေးခဲ့ပါတယ်။
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment