အလောင်းတွေကို အ၀တ်အစားဝတ်ပေးပြီး စီတန်းလှည့်လည်တဲ့ အင်ဒိုနီးရှားနိုင်ငံက ‘လူသေသန့် ရှင်းရေး’ ပွဲတော်


ကွယ်လွန်သွားတဲ့လူကို ပြောလေ့ရှိတဲ့ ငြိမ်းချမ်းစွာအနားယူပါတော့ ဆိုတဲ့စကားဟာ အင်ဒိုနီးရှားနိုင်ငံ၊ Sulawesi ကျွန်းကလေးမှာတော့ အကျုံးမ၀င်ဘူးဖြစ်ပါတယ်။

သုံးနှစ်ကိုတစ်ကြိမ်၊ အဆိုပါကျွန်းသူကျွန်းသားတွေဟာ ကွယ်လွန်သွားပြီးသူဆွေမျိုးသားချင်းတွေရဲ့ အလောင်းကို ပြန်ဖော်၊ အရိုးစုကိုသန့် ရှင်းရေးလုပ်ပေးကာ၊ အသက်ရှင်စဉ်ကသူတို့ နှစ်ခြိုက်စွာ ၀တ်ဆင်ခဲ့တဲ့ အ၀တ်အစားတွေဝတ်ပေးပြီး စီတန်းလှည့်လည်နည်းနဲ့ သူတို့ ရဲ့ သေဆုံးသွားပြီသူအပေါ် ရိုသေလေးစားမှုကို ပြကြလေ့ရှိပါတယ်။ ဒီထူးဆန်းတဲ့အစဉ်အလာဟာ အဆိုပါကျွန်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်ကတည်းက စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင်တော့ ကမ္ဘာပျက်ရုပ်ရှင်ကား၊ဖုတ်ကောင်ကားထဲက မြင်ကွင်းတစ်ခုလိုပါပဲ။ ဒါပေမယ့် Tana Toraja တောင်တန်းဒေသက ဒေသခံ Torajan လူမျိုးစုတွေအတွက် ဒီ ‘Ma’nene လို့ ခေါ်တဲ့ ပွဲတော်က အသက်ဇီဝကိုချီးကျူးထောပနာပြုတဲ့ပွဲတော်တစ်ခု ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုအကျော်ကတည်းက အဆိုပါကျွန်းရဲ့ Baruppu ရွာမှာ Ma’nene ပွဲတော် စတင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Torajan လူမျိုးတစ်ယောက်ရဲ့ ပြောပြချက်အရ ဟိုးတုန်းက Pong Rumasek လို့ ခေါ်တဲ့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်နေရင်း သစ်ပင်တစ်ပင် ခြေရင်းမှာ စွန့် ပစ်ထားပြီး ပုပ်ဆွေးနေတဲ့အလောင်းတစ်လောင်းကို တွေ့ လိုက်ရပါတယ်။

Rumasek ဟာ အလောင်းကို သူ့ ရဲ့ အ၀တ်အစားတွေဝတ်ပေးကာ ကောင်းကောင်းမွန်မွန် မြေမြှပ်သဂြိင်္ုလ်လိုက်ပြီးနောက် ကံကောင်းခြင်းတွေ မစခံလိုက်ရကြောင်းယုံကြည်ခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါဓလေ့ကို Toraja လူမျိုးတွေက စတင်သွတ်သွင်း ကျင့်သုံးခဲ့ပြီး အခုလို လူသေကောင် စောင့်ရှောက်ပေးခြင်းကြောင့် မြင့်မြတ်တဲ့နတ်ဒေ၀ါတွေက သူတို့ ကို ကောင်းမွန်တဲ့ဆုလာဒ်တွေ ပေးမှာဖြစ်တယ်လို့ ယုံကြည်ကြတာဖြစ်ပါတယ်။

Ma’nene ပွဲတော်ဟာ “ လူသေသန့် ရှင်းပေးမှုအခမ်းအနား’ လို့ ဘာသာပြန်ဆိုနိုင်ပြီး ရွာသားတွေဟာ သေဆုံးပြီးသူအလောင်းတွေကို ပြန်ဖော်၊ ကိုယ်လက်သန့် စင်ပေးကာ၊ အ၀တ်အစားသစ်တွေ ၀တ်ဆင်ပေးကြ သလို၊ အခေါင်းတွေကိုလည်း ပြင်ဆင်၊ ဒါမှမဟုတ် အသစ်လဲလှည်ပေးကာ ရွာအနှံ့ အလောင်းနဲ့ အတူ ဖြောင့်တန်းတဲ့မျဉ်းလိုင်းဆွဲထားတဲ့လမ်းအတိုင်း စီတန်း လှည့်လည်ကြတာဖြစ်ပါတယ်။ အဆိုပါလမ်းဟာ Hyang လို့ ခေါ်တဲ့ မျဉ်းဖြောင့်အတိုင်းသာသွားလာတတ်တဲ့နတ်ဘုရားတစ်ပါးနဲ့ သူတို့ ကို ချိတ်ဆက် ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

Torajan လူမျိုး ခြောက်သိန်းခွဲရဲ့ အများစုဟာ ခရစ်ယာန်နဲ့ မူဆလင်ဘာသာဝင်တွေဖြစ်ကြပေမယ့် လူအနည်းငယ်ကတော့ အခုအချိန်ထိ ‘Aluk Todolo’ ခေါ် ရှေးဘိုးဘေးဘီဘင်တွေရဲ့နည်းလမ်း အတိုင်း လိုက်နာကျင့်သုံးကြလျက်ရှိတယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Dailymail
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment