မိုဒီလျာနီ၏ ကိုယ်တုံးလုံး ပန်းချီကား ဒေါ်လာသန်း (၁၇၀) ကျော်ဖြင့် လေလံတင်ရောင်းချ


အီတလီ ပန်းချီကျော် မိုဒီလျာနီရေးဆွဲသော ကိုယ်တုံးလုံး မိန်းမပျိုတစ်ဦးပုံ ပန်းချီကားကို လေလံတင် ရောင်းချရာ ဒေါ်လာ (၁၇၀ဒသမ ၄) သန်းဖြင့် တရုတ်လုပ်ငန်းရှင် တစ်ဦးက ၀ယ်ယူသွားကြောင်း သိရသည်။ ပန်းချီကား သမိုင်းတွင် ဒုတိယမြောက် ဈေးအမြင့်ဆုံး ပန်းချီကားအဖြစ်လည်း စံချိန်တင်သွားသည်။
      နယူးယောက်မြို့ရှိ Christies’s လေလံရုံက No couche ပန်းချီကားကို လေလံပစ်ခြင်း ဖြစ်သည်။ No couche ပန်းချီ ကားကို ကနဦးပိုင်ရှင်သည် နှစ်ပေါင်း (၆၀)ကြာ သိမ်းဆည်းထားခဲ့ပြီးနောက် ယခုအခါတွင်မှ ပထမဆုံးအကြိမ် လေလံတင် ရောင်းချလိုက်ခြင်း ဖြစ်သည်။ ထိုလေလံပွဲတွင် အခြားပန်းချီကျော်များ၏ လက်ရာများကိုလည်း တစ်စုတစ်စည်းတည်း လေလံပစ်ခဲ့ရာ ပီကာဆို၏ Les femmes d’Alger ပန်းချီကားက ဒေါ်လာ(၁၇၉) သန်းဖြင့် ဈေးအမြင့်ဆုံး ရရှိသွားသည်။
      No couche ပန်းချီကားသည် ဒေါ်လာသန်း (၁၀၀)ခန့်တော့ ရနိုင်သည်ဟု လေလံရုံက ခန့်မှန်းထားခဲ့ရာ မှန်းချက်ထက် နှစ်ဆနီးပါး ပိုများပြီး ရရှိလိုက်သည်။ မိုဒီလျာနီ၏ ပန်းချီကားများထဲတွင်လည်း စံချိန်တင် ဈေးနှုန်းဖြစ်သည်။ ယခုလေလံပွဲတွင် ပီကာဆိုနှင့် မိုဒီလျာနီတို့၏ လက်ရာများက ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ခဲ့သော်လည်း ပန်းချီကား သမိုင်းတစ်လျှောက်တော့ ဈေးအမြင့်ဆုံးအဖြစ် ပေါလ်ဂေါ်ဂင်၏ ကိုယ်နဲ့ဘယ်တော့ လက်ထပ်မလဲ (Nafea Faa Ipoipo) ပန်းချီကားက ဒေါ်လာသန်း (၃၀၀)ဖြင့် ရပ်တည်နေသည်။ ထိုပန်းချီကားကို ဂေါ်ဂင်သည် ၁၈၉၂ ခုနှစ်က ရေးဆွဲခဲ့သည်။
Source: BBC
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment