Father Land ဦးကျော်မြင့်က တိုက်ခန်းဝယ်ယူသူများကို ကော်မတီဖွဲ့၍ ဖြေရှင်းပေးနေဟု လိမ်လည်ထွက်ဆိုသဖြင့် နစ်နာသူများက ထပ်မံတရားစွဲဆိုမည်


Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ထံမှ တိုက်ခန်း ၀ယ်ယူထားသူများနှင့် ပြေလည် စေရန် ကော်မတီဖွဲ့၍ ဖြေရှင်းပေးနေကြောင်း ဦးကျော်မြင့်မှ တရားရုံးတွင် ထွက်ဆိုခဲ့သဖြင့် ယင်းကိစ္စ မဟုတ်မှန်သောကြောင့် တိုက်ခန်းပိုင်ရှင်များက တရားစွဲဆိုသွားမည်ဟု နစ်နာသူများက News Watch သို့ ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ''တိုက်ခန်းဝယ်ယူခဲ့သူများနဲ့ ညှိနှိုင်းပေးမယ့် နစ်နာတဲ့သူများ ကော်မတီလေးဖွဲ့တယ်။ ဒီလို နစ်နာသူတွေကိုယ်တိုင်ဖွဲ့တဲ့ ကော်မတီကို သူကိုယ်တိုင်ကော်မတီဖွဲ့ပြီး ဖြေရှင်းနေပါတယ်ဆိုပြီ တရား ရုံးမှာ အသုံးချတယ်။ ကျွန်တော်တို့ကို ညှိပေးမယ်ပြောနေတာလည်း ကြာပြီ။ ဒီတော့ စောင့်ခဲ့တာလည်း အချိန်လွန်ပြီး အဖွဲ့ကို အသုံးချနေတာဖြစ်တော့ တရားစွဲသွားမယ်''ဟု ယင်းကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ကိုတင်အောင်မျိုးက News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်သည် တန်ဖိုးမျှတ၊ တန်ဖိုးနည်းအိမ်ရာဖော်ဆောင် မည်ဟုဆိုကာ မြေနှစ်ကွက်ဝယ်ယူပြီး ယင်းမြေကွက်များကို လက်ညှိုးထိုးပြကာ တိုက်ခန်းများ ရောင်းချ ခဲ့သည်ဟု ဆိုသည်။ တိုက်ခန်းရောင်းချရာတွင် တိုက်ခန်းပေါင်း နှစ်ရာကျော်ရှိခဲ့ပြီး အရစ်ကျစနစ်ဖြစ် ရောင်းချခဲ့သည်။ တိုက်ခန်းအတွက် မည်သည့်လုပ်ဆောင်မှုမျှ မရှိဟုဆိုသည်။ ယင်းကဲ့သို့ တိုက်ခန်းဆောက် လုပ်ခြင်းမရှိဘဲ မြေနှစ်ကွက်အနက် တကွက်ကို ဘဏ်တွင် ပေါင်နှံထားပြီး ကျန်တကွက်ကို ပုဂ္ဂလိကထံတွင် ပေါင်နှံထားသည်ဟု ၎င်းတို့က ပြောကြားသည်။
ယင်းနှင့်ပတ်သက်၍ 'ညှိနှိုင်းမယ်ဆိုတုန်းကတည်းက သူတို့ကိုပြောထားတာက ခင်ဗျားတို့ မဆောက်နိုင်ရင် ကျွန်တော်တို့ကို ဂရန်ပြန်ပေးပါ။ တခြားဆောက်လုပ်ရေးနဲ့ ဆောက်မယ်ဆိုတော့ ပေါင်းထားတဲ့ မြေလည်း ပြန်ရွေးမပေးဘူး၊ မရွေးပေးတဲ့အပြင် သူရင်ဆိုင်နေရတဲ့အမှုမှာ သူတို့ဘက်က ကော်မတီဖွဲ့ပြီးတော့ ဖြေရှင်းပေး နေပါပြီ ထွက်ဆိုတယ်။ သူက အဖက်ဖက်ကကို လိမ်နေတော့။ သည်းခံနိုင်စွမ်းမရှိတော့ဘူး၊ တရားစွဲသွား မယ်''ဟု ဆိုသည်။

ဦးကျော်မြင့်၏ ရှေ့နေဦးကြည်လင်းက ၎င်းတို့အား ကော်မတီဖွဲ့ပြီးလျှင် ဦးကျော်မြင့်နှင့် ညှိနှိုင်းဖြေရှင်းကာ ပိုင်ဆိုင်မှုလွှဲပေးမည်ဟု ပြောသောကြောင့် ကော်မတီဖွဲ့ခဲ့ရပြီး ဦးကျော်မြင့်လက်ထဲတွင် မည်သည့်ပိုင်ဆိုင်မှုမျှ မရှိတော့ဘဲ ကျပ်ငွေသိန်းပေါင်း သုံးသောင်းကျော်အား ရယူသွားခဲ့သည်ဟု ဆိုသည်။
ယင်းတန်ဖိုးတိုက်ခန်းပေါင်း နှစ်ရာကျော်ကို ၀ယ်ယူခဲ့သူများက စုပေါင်း၍ တရားစွဲမည်ဟု ၎င်းက ပြောကြား သည်။ ''တိုက်ခန်းဝယ်ခဲ့တဲ့သူတွေထဲမှာ ငါးခန်း၊ ဆယ်ခန်းကစပြီး အခန်းပေါင်း နှစ်ဆယ်တို့ လေးဆယ်တို့ ၀ယ်တဲ့သူပါ,ပါတယ်။ အရစ်ကျဝယ်တဲ့သူတွေရဲ့လက်ထဲမှာ ခိုင်မာတဲ့ စာချုပ်စာတမ်းတွေရှိပေမယ့် တချို့က ရင်းနှီးလို့ နှုတ်ကတိနဲ့ ငွေချေဝယ်ယူတဲ့သူတွေလည်းရှိတယ်။ လာမယ့် နိုဝင်ဘာ ၆ ရက်ကစပြီး တရားစွဲဖို့ လုပ်မယ်''ဟု ပြောကြားခဲ့သည်။ Father Land ဦးကျော်မြင့်ထံမှ ယင်းတိုက်ခန်းအပြင် အခြားဆောက်လုပ်မည့် တိုက်ခန်းများ ၀ယ်ယူခဲ့သူများထဲတွင် နိုင်ငံတော် အာဏာပိုင်အဖွဲ့အစည်းထဲမှ လူကြီးများလည်း ပါဝင်ခဲ့ပြီး အနုပညာရှင်များစွာလည်း ပါဝင်ကြပြီး ၎င်းတို့၏ ဂုဏ်သိက္ခာကြောင့် ထုတ်ဖော်မပြောဆိုခဲ့ကြဘဲ ငြိမ်နေ သည်ဟု နီးစပ်သူများက News Watch မှ စုံစမ်းသိရှိရသည်။

ကိုခက်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment