ကြည်ကြည်ဖြူဖြူ လွှဲပြောင်းပေးရန် ပြည်ခိုင်ဖြိုးပါတီအား ဦးဝီရသူ တိုက်တွန်း ..
ရွေးကောက်ပွဲကြီးတွင်
နေရာအများအပြား အရေးနိမ့်ခဲ့သည့် လက်ရှိအာဏာရ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အနိုင်ရပါတီအား
ကြည်ကြည်ဖြူဖြူ လွှဲပြောင်းပေးရန် မဘသ (အထက် ဗမာပြည်) ဦးဆောင် ဆရာတော်
ဦးဝီရသူက မိန့်ကြားလိုက်သည်။ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပခဲ့သည့်
ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ပါတီအနေဖြင့် နိုဝင်ဘာလ (၁၁) ရက်နေ့ အထိ ရွေးကောက်ပွဲ ကော်မရှင်၏
ထုတ်ပြန်ချက်များ အရ နေရာအများအပြားတွင် အနိုင်ရလျက် ရှိနေသည်။ အဆိုပါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရမှုများအား ကြံ့ခိုင်ရေးပါတီ
အနေဖြင့် ကြည်ကြည်ဖြူဖြူဖြင့် နေရာများ လွှဲပြောင်းပေးပါရန် ဆရာတော်
ဦးဝီရသူက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ''ကြည်ကြည်ဖြူဖြူနဲ့ လွှဲပြောင်း
ပေးသင့်ပါတယ်။ ဒါမှလည်း ဦးပဉ္စင်းတို့ နိုင်ငံရဲ့ နုနယ်တဲ့ ဒီမိုကရေစီဟာ
ရင့်ကျက်လာမှာပါ။ ....The Messenger

0 comments:
Post a Comment