လိင်အင်္ဂါ ပြောင်းလဲထားတဲ့ စုံတွဲ ထူးဆန်းစွာ ကိုယ်ဝန်ရရှိ


အီကွေဒေါနိုင်ငံမှာ လိင်ပြောင်းလဲထားတဲ့ စုံတွဲနှစ်ယောက် ကလေးမွေးဖွားတယ်လို့ WIAT က သတင်းဖော်ပြခဲ့ပါတယ်။
မွေးအမည် Luis လို့ အမည်ရတဲ့ Diane Rodriguez နဲ့ မွေးအမည် Maria အမည်ရှိ သူမချစ်သူ Fernando Machado က လိင်အင်္ဂါ ပြောင်းလဲထားသူတွေလည်း ကိုယ်ဝန်ရရှိကြောင်းကို သိရှိစေဖို့ လူမှုမီဒီယာပေါ် ကြေငြာဖို့ ဆုံးဖြတ်ခဲ့တာ လို့ AP သတင်းဌာနကို ပြောပြခဲ့ပါတယ်။ နှစ်ယောက်လုံး ဟော်မုန်းယူပေမယ့် လိင်အင်္ဂါပြောင်းလဲခွဲစိတ်ကုသမှု မခံယူခဲ့ကြောင်း၊ သူတို့ဘာသာသူတို့ ကိုယ်ဝန်ရခဲ့ခြင်းဖြစ်ကြောင်း ဆိုပါတယ်။
LGBT တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်တဲ့ Rodriguez က သူတို့ရဲ့ ရိုမန်ကက်သလစ် အဖွဲ့အစည်းမှ ယောင်္ကျားလျာနဲ့ လိင်တူဆက်ဆံသူများ ကလေးမွေးစားခြင်းအပေါ် ဝေဖန်ပစ်တင်ပြောဆိုနေမှုကို စိတ်ပျက်ဖွယ်ကြားနာရင်း နှစ်ယောက်လုံး ကြီးပြင်းလာခဲ့ ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ကျွန်ုပ်တို့ ပုံမှန်အတိုင်း ရင်းသွေးရရှိခြင်းကို အသင်းတော် ဝေဖန်ပါက ဆန့်ကျင် ပြောဆိုခြင်းတစ်ခုသာ ဖြစ်ပါလိမ့်မယ်ဟု ဆိုကာ သူတို့ ကိုယ်ဝန်ရရှိသည့် အကြောင်းရင်းကို ရှင်းလင်းစွာ ဖော်ပြပြောဆိုခဲ့ပါတယ်။
Rodriguez မှ "ကလေးရဲ့ နှလုံးခုန်သံကို စမ်းသပ်နားထောင်နေပါတယ်" လို့ အဓိပ္ပါယ်ရတဲ့ ပို့စ်တစ်ခုကို Twitter စာမျက်နှာပေါ် ရေးသားဖော်ပြခဲ့ပါတယ်။
သူတို့စုံတွဲအနေနဲ့ အီကွေဒေါမှာ ကလေးမွေးဖွားတဲ့ ပထမဦးဆုံး လိင်ပြောင်းလဲထားတဲ့ စုံတွဲဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ သူတို့ဟာ မယုံနိုင်လောက်အောင် ထူးဆန်းတဲ့ လူတွေ ဖြစ်ကြပါတယ်။
Source : Trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment