လွတ်ငြိမ်းချမ်းသာခွင့်မှာ လူသတ်မှု၊ မုဒိန်းမှုကျူးလွန်သူ အများအပြားပါဝင်


 ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို တွေ့ရစဉ် Photo: RFA
 သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၁ သောင်း ၁ ထောင့် ၅ ရာကျော်ထဲမှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂၃၀၀ ကျော်၊ သားမယားအဓမ္မပြုကျင့်မှု (မုဒိန်းမှု)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၇၀၀ ကျော်၊ လုယက်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၅၀၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

မနေ့ကကျင်းပတဲ့ လွှတ်တော်ဆွေးနွေးပွဲအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ရဲ့ မေးမြန်းချက်ကို ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဖြေဆိုခဲ့တာဖြစ်ကြောင်း Eleven Media သတင်းကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြပါတယ်။

ဒါ့ပြင် သေဒဏ်ချမှတ်ခံထားရသူ ၁၈၁ ဦးရှိတဲ့ထဲက ၂၀၁၂ ခုနှစ်မှာ ၃၃ ဦး၊ ၂၀၁၄ ခုနှစ်မှာ ၇၁ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီးက လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment