မန္တလေး၊ ဇန်န၀ါရီ- ၂၈
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံနောက်ရပ်ကွက်၊ အကွက်အမှတ် (၃၇၉)၌ ဇန်န၀ါရီလ (၂၈)ရက် ညနေ (၃)နာရီ (၄၅)မိနစ်ခန့်တွင် အိမ်ရှင်ဦးမောင်ဆွေ၏ နေအိမ်ကို ငှါးရမ်းကာ ဓါတ်ဆီရောင်းဝယ်ရေး လုပ်ကိုင်နေသော ကိုမြတ်သူ၏ ဇနီးမရီလင်းမှ မီးဖိုအနီးတွင် ပလပ်စတစ်အိတ်အတွင်း ထည့်ထားသည့် ဓါတ်ဆီများကို ပုံးအတွင်းသို့ လှယ်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်ရာသို့ မီးသတ်ယာဉ် အစီး (၇၀)၊ အုပ်ချုပ်မှုယာဉ် (၃)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆၀)ဦး၊ အရံမီးသတ် တပ်ဖွဲ့ဝင် (၁၅၀)ဦးတို့က မီးငြှိမ်းသတ်ခဲ့ရာ ညနေ (၄)နာရီ (၂၅)မိနစ်တွင် မီးကို ထိန်းသိမ်းနိုင်ခဲ့ပြီး (၄)နာရီ (၃၀)မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ (၂)ထပ်အိမ် (၁၂)လုံး၊ သွပ်မိုး၊ ထရံကာ (၁)ထပ်အိမ် (၆)လုံး၊ စုစုပေါင်း (၁၈)အိမ် မီးလောင်ကျွမ်းခဲ့ပြီး လူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော ပြည်သူများအား တောင်ငံပြာရည်စုဓမ္မာရုံတွင် ယာယီစခန်း ဖွင့်လှစ်ကာ နေရာချထားပေးလျက်ရှိပြီး မီးကို ပေါ့ဆစွာ အသုံးပြုခဲ့သည့် ဦးမြတ်သူအား အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
0 comments:
Post a Comment