ယာဉ်မောင်းအရက်မူးလွန်သဖြင့် နန်းထိုက်စံ အဝေးပြေးယာဉ်ကို လမ်းဘေး၌ ရပ်ထားရ



ကျောင်းကုန်း ဇန်နဝါရီ ၂၇

ပုသိမ်မြို့မှ ယနေ့ ညနေ ၄ နာရီခန့်တွင် ထွက်ခွာလာသော ပုသိမ်-ရန်ကုန် အဝေးပြေး ယာဉ်လိုင်း ''နန်းထိုက်စံ'' ယာဉ်အမှတ်9I/---သည် ယာဉ်မောင်း အရက်မူး လွန်နေသဖြင့် ကျောင်းကုန်းမြို့အနီး အရောက် ယာဉ် မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးက ယာဉ် မောင်းမှာ မော်တော်ယာဉ် စတင်ထွက်ခွာစဉ်ကတည်းက အရက်မူးနေ ကြောင်း၊ ခရီးစဉ်တစ်လျှောက်တွင်လည်း ဆန့်ကျင်ဘက်ယာဉ်ကြောသို့ မကြာမကြာရောက်ရှိသွားခြင်း၊ ရှေ့မှသွားနေသည့် မော်တော်ယာဉ်များကို လည်း အန္တရာယ်ဖြစ်နိုင်သည့်အနေအထားဖြင့် ကျော်တက်မောင်းနှင်ခြင်း တို့ကြောင့် ယာဉ်တိမ်းမှောက်မည့် အခြေအနေများ ဖြစ်ပွားခဲ့ကြောင်း ပြော ကြားသည်။

အဆိုပါယာဉ်ပေါ်၌ ခရီးသည် ၃ဝ နီးပါးခန့် စီးနင်းလိုက်ပါလာကြပြီး ပုသိမ်တက္ကသိုလ်မှ ဆရာမများနှင့် ဝန်ထမ်းအချို့တို့လည်း လိုက်ပါလာခဲ့ ကြောင်း သိရသည်။
''ဆိုင်ကယ်မောင်းလာတဲ့စုံတွဲကို ကားက တိုက်မိမလိုဖြစ်ပါတယ်။ ကံကောင်းတာက ဆိုင်ကယ်ကို မောင်းနှင်တဲ့သူက လယ်ကွင်းဘေးဆင်းချ သွားလို့တော်သေးတယ်။ နောက်တစ်ကြိမ်ကတော့ ကုန်တင်ကားနဲ့ချိတ်မိတာ ပါ။ မမှောက်တာကံကောင်းတယ်။ တစ်လျှောက်လုံး ရင်တမမနဲ့စီးလာခဲ့ရ တယ်'' ဟု ယာဉ်ပေါ်စီးနင်းလိုက်ပါသူတစ်ဦးက ပြောသည်။

ကုန်တင်ယာဉ်နှင့် ချိတ်မိသဖြင့် ကျောင်းကုန်းမြို့အနီး ရန်ကုန်မြို့နှင့် မိုင် ၈ဝ ခန့်ဝေးသည့် ကားလမ်းဘေး၌ ယာဉ်ကိုရပ်နားထားရကြောင်း၊ မော်တော်ယာဉ်အကူက ခရီးသည်များကို လိုက်လံတောင်းပန်ထားပြီး၊ အနီးရှိ စားသောက်ဆိုင်တွင် စားသောက်နားနေရန်အတွက် စီစဉ်ပေးထားကြောင်း၊ ယာဉ်လိုင်းဂိတ်ကလည်း ရန်ကုန်မှ အခြားမော်တော်ယာဉ်တစ်စီးကို စေလွှတ် ထားကြောင်း သိရသည်။
''ယာဉ်လိုင်းကလည်း လှမ်းပြီးတောင်းပန်တာကြားရတယ်။ အမြန်ဆုံး စေလွှတ်ပေးမယ်လို့လည်းပြောပါတယ်။ ယာဉ်မောင်းကတော့ အခုထိ မူးနေ သေးတယ်။ သူက ကားကိုဆက်မောင်းမယ်လို့ ပြောပါသေးတယ်။ အားလုံးက လက်မခံကြဘူး'' ဟု ခရီးသည်တစ်ဦးကပြောသည်။

အဆိုပါယာဉ်လိုင်းရှိ ကားလက်မှတ်များတွင် ခရီးသည်များ လိုက်နာ ရန်အတွက် ယာဉ်ပေါ်တွင်မူးယစ်သောက်စားခြင်း၊ ဆူညံခြင်းမပြုလုပ်ရဟု ရေးသားထားသည်ကို တွေ့ရပြီး ဖြစ်စဉ်ကို ဒဂုံ-ဧရာ မထသ (အဝေးပြေး)သို့ အသိပေးအကြောင်းကြားမည်ဟုလည်း ခရီးသည်တစ်ဦးကပြောသည်။


ခင်ရတနာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment