လှည်းတန်းခုံးကျော်တံတားအတက် ယာဉ်တိမ်းမှောက် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ


ရန်ကုန် ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၌ ယနေ့နံနက် ဝဝ နာရီ ၁၅ မိနစ်က ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက်၍ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာ ရရှိခဲ့မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါမြို့နယ် ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း နေလင်းအောင်(၃၂ နှစ်) မောင်းနှင်လာသော ကိုယ်ပိုင်ယာဉ် 3K/ ----- Toyota wish (အဖြူရာင်) ယာဉ်သည် နာနတ်တောလမ်းထိပ် (လှည်းတန်းခုံးကျော်တံတားအတက်) အရောက်တွင် အရှိန်ကိုမထိန်းနိုင်ဘဲ လမ်းလယ်ရှိကွန်ကရစ်တုံးများကို တိုက်မိပြီးယာဉ်မှာ ပက်လက်အနေအ ထားဖြင့် တိမ်းမှောက်သွားသည်။

''မှောက်သွားတဲ့ ကားထဲကနေ မီးခိုးတွေထွက်နေလို့ လမ်းခင်းနေတဲ့ အလုပ်သမားတွေက ရေပိုက်နဲ့ ဝိုင်းငြှိမ်းနေတယ်၊ စည်ပင်ရေသယ် ယာဉ်က အဆင်သင့်ရှိနေလို့ အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့တယ်၊ ဒဏ်ရာရရှိတဲ့သူတွေ ကိုတော့ လူနာတင်ယာဉ်နဲ့ ဆေးရုံပို့လိုက်တာကို တွေ့ရတယ်'' ဟု အဆိုပါ ဖြစ်ပွားမှုအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းမှာ အခင်းဖြစ်သည့် နေရာ၌ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည့်အပြင် လမ်းလယ်ကွန်ကရစ်တုံးများနှင့် ယာဉ် ပျက်စီးခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မှုစစ်ရဲအုပ် ဇော်ဝေလင်းက စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းအား ကမာရွတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း၌ ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အတွင်း ယာဉ်မတော်တ ဆမှု အကြိမ် ၃ဝ ဖြစ်ပွားခဲ့ပြီး ၁ဝ ဦး သေဆုံးခဲ့ကာ ၅၂ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ ၂ဝ၁၅ ခုနှစ်အတွင်း၌ ယာဉ်မတော်တဆမှု အကြိမ် ပေါင်း ၁၉၇ဝ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၇၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၆ဝ၄ ဦးအထိရှိ ခဲ့ကြောင်း တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းထုတ်ပြန်ချက် အရ သိရသည်။

သတင်း - ဇော်ကြီး(ပဏီတ)
ဓာတ်ပုံ - တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment