ကမ္ဘာပေါ်မှာ ဈေးဝယ် ထွက်လို့ အကောင်းဆုံးက နယူးယောက်မြို့


ကမ္ဘာပေါ်မှာ ဈေးဝယ် ထွက်လို့ အကောင်းဆုံးက နယူးယောက်မြို့
မြတ်ဆုကို
နယူးယောက်၊ စက်တင်ဘာ ၁
           ခရစ္စမတ် ရောက်ဖို့ တစ်ပတ်လောက်သာ လိုတော့သည်။ ကမ္ဘာတစ်ဝန်း မြို့တိုင်းက ဆိုင်များ ခရစ္စမတ် အားလပ်ရက် အလွန် ရောင်းရသည့် ကာလ အတွက် ပြင်ဆင် နေကြပြီ။ ခရစ္စမတ် အားလပ်ရက် ဈေးဝယ်ကာလမှာ ဆိုင်တွေကလည်း အပြိုင်အဆိုင် ဒစ္စကောင့်တွေချ၊ ပရိုမိုးရှင်းတွေ လုပ်ပြီး ရောင်းချကြသည်ဖြစ်ရာ မြို့ထဲ ဆိုင်တကာ ပတ်ပြီး ၀ယ်တတ်လျှင် ၀ယ်တတ် သလောက် ပစ္စည်းတူကိုပင် ဈေးပို ချိုချိုနှင့် ရနိုင်သည်။
           ယခုနှစ် အဖို့ ဈေးဝယ် ထွက်လို့ အကောင်းဆုံး၊ ပစ္စည်း ရှာဝယ်လို့ အကောင်းဆုံးမြို့ အဖြစ် နယူးယောက် စီးတီးက ရွေးချယ် ခံရသည်။ သို့သော် ဘာလင်၊ ပါရီ၊ ကွာလာလမ်ပူ၊ အစ္စတန်ဘူလ်တို့သည်လည်း နယူးယောက်နဲ့ သိပ်မကွာဘဲ ကပ်လိုက် နေကြသည်ကိုလည်း သတိပြုရမည်။
          ခရီးသွား ၀န်ဆောင်မှုလုပ်ငန်း Expedia ၀ဘ်ဆိုက်တွင် နိုင်ငံတကာ ခရီးသွားများ မဲပေး ရွေးချယ်မှုအရ နယူးယောက်သည် ယခုနှစ် အဖို့ အားလပ်ရက် ကာလ ဈေးဝယ်လို့ အကောင်းဆုံးမြို့ အဖြစ် သတ်မှတ် ခံရသည်။ မက်ဒရစ်မြို့က ဈေးဆိုင်များသည်လည်း ဈေးဝယ်လို့ ကောင်းသည့် စာရင်းတွင် ပါသလို၊ ဘန်ကောက်က အမယ်စုံ အမျိုးစုံသော ဈေးဆိုင်များသည်လည်း လှည့်ပတ်လေ့လာ ၀ယ်တတ်လျှင် ၀ယ်တတ်သလောက် ပစ္စည်းတူကို ပိုဈေးချိုချို ရနိုင်သော နေရာများထဲတွင် ပါဝင်သည်။
                   စတိုင်ကျကျ မြင့်မြင့်မားမား ဈေးဝယ်ထွက်မည့် သူများကို ဒူဘိုင်း စူပါ ရှောပင်း စင်တာကြီးတွေက ကြိုဆိုနေသည်။ မဲလ်ဘုန်း၊ ကိပ်တောင်း၊ ဘူချာရတ်မြို့များသည်လည်း အားလပ်ရက် ဈေးဝယ် ထွက်မည့် သူများ အဖို့ အံ့သြစရာများ အပြည့်နဲ့ စောင့်ကြို နေလိမ့်မည်။
Expedia  ၏ ဈေးဝယ်လို့ အကောင်းဆုံး မြို့ကြီး (၂၅) မြို့
၁။ နယူးယောက် စီးတီး
၂။ ဘာလင်
၃။ လော့စ်အိန်ဂျလိ
၎။ လန်ဒန်
၅။ ကွာလာလမ်ပူ
၆။ တိုကျို
၇။ စင်ကာပူ
၈။ အစ်္စတန်ဘူလ်
၉။ ပါရီ
၁၀။ မက်ဒရစ်
၁၁။ ဆော်ပေါလို
၁၂။ ဘန်ကောက်
၁၃။ ဆန်ဖရန်စစ္စကို 
၁၄။ ဒူဘိုင်း
၁၅။ မီလန်
၁၆။ ရောမ
၁၇။ ဟောင်ကောင်
၁၈။ ဆိုးလ်
၁၉။ မာရာကတ်
၂၀။ အက်ဒင်ဘရာ
၂၁။ မဲလ်ဘုန်း
၂၂။ ဗီယင်နာ
၂၃။ ကိပ်တောင်း
၂၄။ အမ်စတာဒမ်
၂၅။ ဘူချာရတ်
Source: Daily Mail
Source:messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment