ပြည်ကြီးတံခွန် ဇန်န၀ါရီ ၂၆
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် (ပလက) ယန္တရားဝင်း၌ ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ် ဂတ်စ်မီးဖိုး ထမင်းအိုး တည်ရာမှ နေအိမ်(၇)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
မီးလောင်ရာတွင် နံကပ်သွပ်မိုးနှစ်ထပ် နေအိမ်(၂)လုံး၊ သွပ်မိုးထရံ ကာ နှစ်ထပ်နေအိမ်(၂)လုံး၊ သွပ်မိုးထရံကာ တစ်ထပ်နေအိမ် (၃)လုံး၊ စုစုပေါင်း နေအိမ်(၇)လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း(၂၀) ခန့် ရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ မီးသတ်ယာဉ် အစီး(၇၀)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ လူနာတင် ယာဉ် (၃) စီး၊ သန္ဓေမီးသတ် (၆၀) ဦး၊ အရန်မီးသတ် (၁၇၀) ဦး၊ ကြက်ခြေနီ (၄၀) ဦးနှင့် ရပ်ကွက်နေ ပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးစတင်လောင်ကျွမ်း သော အိမ်ပိုင်ရှင် ဒေါ်ခင်အုန်းမြင့်အား ပုဒ်မ ၂၈၅ ဖြင့် မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
မီးဘေးသင့် အိမ်ထောင်စုများအား ယန္တရားဝင်းအတွင်းရှိ သတ္တမပါလ ဓမ္မာရုံ တွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။
ပြည်ကြီးတံခွန် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



0 comments:
Post a Comment