
သူ့ရဲ့ ကျောကုန်းအပြည့်နီးပါးနေရာယူထားတဲ့ ဒီတက်တူးဟာဆိုရင်တော့ ရေသူမတစ်ကောင်က လူအရိုးခေါင်းကို ပိုက်ထားပြီး ပင်လယ်ဘေးမှာ ထိုင်နေတဲ့ ပုံစံဖြစ်ပြီး ဘယ်လို အဓိပ္ပာယ်ကြောင့် ထိုးခဲ့တယ်ဆိုတာကတော့ ပြောပြခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ဒီတက်တူးကိုတော့ တက်တူးဆရာ ဘရိုင်ယန်ရူးဒေါ့ဖ်က ရေးဆွဲပေးခဲ့တာဖြစ်ပြီး အဒမ်ရဲ့ ဘဝမှာတော့ အကြီးမားဆုံးနဲ့ အချိန်ယူရဆုံးတက်တူးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ အဒမ်ဟာ လက်နဲ့ ရင်ဘတ်တွေမှာလည်း တက်တူးတွေရှိပြီး အခုတစ်ခါတော့ နေရာလွတ်နေတဲ့ ကျောကုန်းကို တက်တူးတစ်ခုထပ်ပြီး ဖြည့်လိုက်တာပါ။

သူ့ရဲ့ ဇနီးဖြစ်သူ ပင်စလူး ကလည်း ဒီတက်တူးပုံကို Instagram မှာ ဝေမျှခဲ့ပြီး သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ တက်တူးဆရာတို့ကို mention ခေါ်ထားပြီး သူတို့နှစ်ယောက်ကြားမှာ အနုပညာမြောက်လက်ရာတွေ ပေါ်ထွက်နေတယ်လို့ ရေးသားထားပါတယ်။
အဒမ်ရဲ့ တက်တူးတွေဟာဆိုရင်လည်း ကျော်ကြားသူတွေရဲ့ ကြားထဲမှာ ထင်ရှားတဲ့ ခန္ဒာကိုယ်ပန်းချီတွေအဖြစ် ရပ်တည်လျက်ရှိပါတယ်။
( Paing A K )
သစ်ထူးလွင်(အားကစား)
sports.thithtoolwin.com
Ref : posugar
0 comments:
Post a Comment