ချစ်ရင်ကိုက်တတ်တဲ့မိန်းကလေးတွေအတွက်



တချို့မိန်းကလေးတွေမှာ ချစ်ရင် လုပ်တတ်တဲ့ အကျင့်တခုရှိတယ် အဲဒါက ကိုက်တာ အားတိုင်းယားတိုင်း ကိုက်တာသူတို့ပြောတာက ချစ်လို့ကိုက်တာပါတဲ့
မညှာမတာကို ကိုက်တာသူတို့ပြောရင်တော့ ဖွဖွလေးကိုက်တာပေါ့ကျုပ် အဲ့လိုမိန်းကလေးတယောက်နဲ့ ကြုံဖူးတယ်လူလစ်ပီဆို ကိုက်ပီရုပ်ရှင်ရုံထဲမှာလဲ ကိုက်တယ် ပန်း ခြံ ထဲ ချိန်းတွေ့ရင်လဲ ကိုက်တယ်
အလကားနေရင်းကို သွားယားနေတာပီး လက်မောင်းတွေချည်း ရွေးကိုက်တာ
နဲနဲ အနာ သက်သာအောင်
“ခြေသလုံးလေး ဘာလေး ပြောင်းကိုက်ပါလား သဲရယ်”
ဆိုတော့
“ဟဲ့ … ငါက ခွေးမှမဟုတ်တာ” တာ ဆိုပီးကောက်ကော
ကျုပ်မှာ ပြန်ချော့ပီး ကြည်ကြည်ဖြူဖြူ အကိုက်ခံရတယ်ခဲနဲ့ထုလွှတ်လို့လဲမရသူကိုက်သလို ပြန်ကိုက်လို့လဲ မကောင်းတခါတလေများဆိုငုံပီးမှေးတောင် မှေးနေသေးတယ်ကျုပ်မှာ နာတာတောင် အသံမထွက်ရဲဘူး
သူ့ပြန်ဟောင်ပါတယ် ဆိုပီးထပ်ကောက်မှာ စိုးလို့ အဲ့သည် အချိန်လေးတော့
ကျုပ်နားညည်းသက်သာတာပေါ့လေ
ဒင်း ပါးစပ်မှ မအားဘဲ
ဒါပေမဲ့ အိမ်ရောက်တော့ ပြဿနာတက်ကော ကျုပ်အမေက ကျုပ် လိုင်းကားပေါ်ကနေ
ပွေးတွေကူးလာပီမှတ်ပီး ပွေးဆေးဖမ်းလူးတာကိုက်ထားတဲ့အရာတွေကလဲ အကွင်းလိုက်ကိုး
ကျုပ်အမေက ပွေးဆေးဖမ်းလူးကျုပ်အဖေက အပ်တချောင်းကိုင်ပီး ဟိုထိုး ဒီထိုးနဲ့
အနာကြီးရောဂါ ဟုတ်မဟုတ်စမ်းသပ်တာတဲ့နာတယ်မအော်မချင်း လှိမ့်ပိတ်ထိုးတာ
ကျုပ်မှာ မဟုတ်ပါဘူး ပြောလဲမရ
အမှန်အတိုင်း ပြောပြဖို့ကလဲ ခက်
တော်တော်ဂွကျတာဗျ
လက်ဖက်ရည်ဆိုင် ထိုင်တော့လဲ ဝိုင်းမေးကြတယ်
“ဘာဖြစ်တာလဲ ပွေးတွေလား” တဲ့
ခွေးကိုက်တာလို့ လိမ်ပြောရအောင်လဲကျုပ်မှာ ခွေးမှ မရှိဘဲနောက်ပီး ဒီကောင်တွေက မိန်းမဆိုရင်
ကေတီဗီတို့မာဆတ်တို့မှာလောက်ဘဲတို့ဖူးထိဖူးတာလေရည်းစားတယောက်တောင်
ဖြစ်ဖြစ်မြောက်မြောက်တွဲဖူးတာ မဟုတ်တော့အမှန်အတိုင်းပြောရင် ယုံကြမှာလဲ မဟုတ်ဘူး
အိမ်ကပေးစားတဲ့ မိန်းမကိုယူမဲ့ကောင်တွေအဲ့သည်အခါကျမှ ချစ်လို့ပန်းတာပါ ဆိုပီး
စောစောစီးစီး ကုတင်ပေါ်တက် မျက်နှာကိုရှူးတက်ပန်းမှ မျက်ခွက်လေးတကွက် ကွက်ကွက်ကလေး
နူမဲ့ကောင်တွေ
(ရည်းစားဘဝမှာတောင် ကိုက်တာဆိုတော့
ညားပီးရင် အဲ့သလောက် အခြေအနေဆိုးချင်ဆိုးသွား
မှာလေ )
ဒီကောင်တွေ အဲ့သည့်တော့မှကျုပ်ကို ကိုယ်ချင်းစာတတ်မယ်ခုတော့ ရင်နာနာနဲ့ဘဲ လိမ်ပြောရတာပေါ့
“အင်း ပွေးတွေဘဲ ဆိုပါတော့ကွာ” ဆိုပီး
ငိုသံဝဲကြီးနဲ့ ဖြေလိုက်ရတယ်
နေရင်းထိုင်ရင်း ကိုယ့်စရိတ်နဲ့ကိုယ် အနူဖြစ်ရောနောက်တော့ ကျုပ်အကြံတခုရသွားတယ်
ရေမချိုးတော့ဘူး … လုံးဝကို မချိုးတာချိန်းရင် ဒီတိုင်းသွားတွေ့လိုက်တယ်
ထုံးစံအတိုင်း လူလစ်တော့ ကိုက်တာပေါ့
“အို … ငန်လိုက်တာ ” တဲ့
မငန်ခံနိုင်ရိုးလား
ရေကလဲ မချိုး
ချွေးထွက်ရင်လဲ လုံးဝကိုမသုတ်တာအဲ့တော့ အသားက ချွေးတွေနဲ့ ဝနေတာပေါ့
တပတ်လောက်ကြာတော့ကျုပ်အသား ဒင်း ငုံတောင်မငုံနိုင်တော့ဘူး
ငုံလိုက်တာနဲ့ တံတွေးနဲ့အသားနဲ့ထိပီလေဆယ်ရက်လောက် ရေလုံးဝ အထိမခံဘဲ
ချွေးတွေ ဂျီးတွေနဲ့ နှပ်ထားတဲ့ အသားတံတွေးစိုတော့ ဂျီးအလိပ်လိုက် ပွတက်လာတော့တာပေါ့
“နင်တမင် ရေမချိုးတာမှတ်လား
လူယုတ်မာကြီး … လူ့ညစ်ပတ်ကြီး
ထွီ ထွီ ထွီ နင်နဲ့ငါနဲ့ ပြတ်ပီ
ထွီ အော့” ဆိုပီး ပြေးပါလေရော
သူ့ခမျာ ဝမ်းတောင်လျှောတယ်ဆိုဘဲကျုပ်လဲဘာထူးလဲအပုပ်နံ့ပါ ထွက်တယ်
လမ်းလျှောက်သွားရင် မသာကြီး ဖုတ်ဝင်နေသလိုဘဲယင်ကောင် တဝီဝီနဲ့
ကျုပ်မှာ ၄ နာရီလောက် ရေပြန်စိမ်လိုက်ရတယ်
ဒါနဲ့ဘဲ …
သူကောကျုပ်ကော ဘယ်သူကမှ စ မဆက်သွယ်တော့လူမသိ သူမသိ ဇာတ်လမ်းပီးသွားတာပေါ့
တချို့သိတဲ့ လူတွေက ဘာလို့ပြတ်သွားတာလဲ မေးတော့
ငတိမ က ခပ်တည်တည်နဲ့ ဘာပြန်ဖြေတယ် မှတ်လဲ
“အရသာ မကောင်းလို့” တဲ့ဗျ
အဲ့ဒီ့ စကား သူနဲ့ကျုပ်ဘဲ နားလည်တယ်
Credit …Zay Yar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment