ဂေါက်ကလပ်တစ်ခုရဲ့ အဝတ်လဲခန်းအတွင်းမှာ လူတစ်စုရှိနေကြပါတယ်… အဲ့ဒီအချိန်မှာ ခုံပေါ်တင်ထားတဲ့ ဖုန်းတစ်လုံးကမြည်လာပါတယ်… လူတစ်ယောက်က ကောက်ကိုင်လိုက်ပြီး စပီကာဖွင့်ပြီးစကားစပြောပါတယ်… အခန်းထဲက လူတွေကတော့ ငြိမ်ပြီးနားထောင်နေကြပါတယ်…
အမျိုးသား။ “ဟဲလို…”
အမျိုးသမီး။ “မောင်လား… ကျွန်မပါ… မောင်အခု ကလပ်မှာပဲလား…”
အမျိုးသား။ “ဟုတ်တယ်…”
အမျိုးသမီး။ “မောင်လား… ကျွန်မပါ… မောင်အခု ကလပ်မှာပဲလား…”
အမျိုးသား။ “ဟုတ်တယ်…”
အမျိုးသမီး။ “ကျွန်မအခု Shopping Center ရောက်နေတာ… ပြီးတော့ အရမ်းလှတဲ့ သားရေကုတ်အင်္ကျီလေးတွေ့ထားတယ် သိလား… ဈေးကလည်း ဒေါ်လာ တစ်ထောင်ထဲရယ်… ဝယ်လိုက်ရမလားဟင်”
အမျိုးသား။ “ဝယ်လိုက်လေ…. ဒီလောက်ကြိုက်နေတယ်ဆိုရင်လည်း ဝယ်လိုက်ပေါ့…”
အမျိုးသား။ “ဝယ်လိုက်လေ…. ဒီလောက်ကြိုက်နေတယ်ဆိုရင်လည်း ဝယ်လိုက်ပေါ့…”
အမျိုးသမီး။ “ပြီးတော့လေ ကျွန်မအခု မာစီးဒီးကားအရောင်းပြခန်းနားလည်းရောက်နေတယ်… ၂၀၁၃ မော်ဒယ်လ်အသစ်တွေတွေ့တယ်သိလား… ကျွန်မတကယ်ကြိုက်တဲ့တစ်စီးလည်းရှိတယ်…”
အမျိုးသား။ “ဈေးကဘယ်လောက်လဲ….”
အမျိုးသမီး။ “ဒေါ်လာ ကိုးသောင်းခွဲထဲပါ…”
အမျိုးသား။ “ဟုတ်ပြီ… ဒါပေမဲ့ ဒီလောက်ဈေးနဲ့ဆိုရင်တော့ ရွေးစရာအကုန်ကြည့်ပြီးမှ ဝယ်ချင်တယ်…”
အမျိုးသား။ “ဈေးကဘယ်လောက်လဲ….”
အမျိုးသမီး။ “ဒေါ်လာ ကိုးသောင်းခွဲထဲပါ…”
အမျိုးသား။ “ဟုတ်ပြီ… ဒါပေမဲ့ ဒီလောက်ဈေးနဲ့ဆိုရင်တော့ ရွေးစရာအကုန်ကြည့်ပြီးမှ ဝယ်ချင်တယ်…”
အမျိုးသမီး။ “ပျော်လိုက်တာနော်…. ပြီးတော့တစ်ခုကျန်သေးတယ် မောင်ရဲ့… အရင်နှစ်က ကျွန်မလိုချင်နေတဲ့အိမ်လေ အခုဈေးကွက်ထဲပြန်ရောက်လာပြီသိလား… ဒေါ်လာ ကိုးသိန်းခွဲတော့ တောင်းနေတယ်…”
အမျိုးသား။ “ကောင်းပြီလေ… ဒါဆိုရင် သူတို့ကို ဒေါ်လာကိုးသိန်းနဲ့ ဈေးညှိကြည့်လိုက်.. အဲ့လောက်တော့ သူတို့ထားပေးပါလိမ့်မယ်… အကယ်လို့ မလျှော့ပေးနိုင်ဘူးဆိုရင်တော့ နောက်ထပ် ဒေါ်လာ ငါးသောင်းထပ်ပေးရမှာပေါ့… ဈေးကတော့ တကယ်တန်ပါတယ်…”

အမျိုးသမီး။ “အိုကေအချစ်… ဒါပဲနော်… မောင့်ကိုအရမ်းချစ်တယ်…”
အမျိုးသား။ “တာ့တာ… မင်းကိုလည်းအရမ်းချစ်တယ်…”
အမျိုးသား။ “တာ့တာ… မင်းကိုလည်းအရမ်းချစ်တယ်…”
ပြီးတော့ အဲ့ဒီလူဟာဖုန်းချလိုက်ပါတယ်… အဝတ်လဲခန်းထဲက တခြားလူတွေဟာ သူ့ကိုပါးစပ်အဟောင်းသားနဲ့ အံ့သြတကြီးငေးကြည့်နေကြတယ်… သူကပြုံးပြီး မေးလိုက်တယ်…
“ဒီဖုန်းဘယ်သူ့ဖုန်းလဲဆိုတာ သိကြလားခင်ဗျာ…”
နှိုင်းရင့်နွေ
0 comments:
Post a Comment