ထိုင်းတက်စီမောင်းသူတစ်ဦး တက်စီမီတာခခိုး


ယနေ့ အွန်လိုင်းပေါ်မှာပြန့် နှံ့ နေတဲ့ သတင်းဖြစ်တဲ့ တက်စီမောင်းသူ တစ်ဦး မနေ့ ဇန်န၀ါရီလ ၃၁ရက်နေ့တွင် သတင်းထောက်တစ်ဦးရဲ့ သတင်းပေးပို့ ချက်အရ အွန်လိုင်းပေါ်မှာ တက်စီမီတာတစ်စီးမှ မီတာခအမြန်နုန်းဟာ ၁စက္ကန့် ရွှေ့တိုင်း တက်စီခ ၁ဘတ်တိုးတိုးနေသော ဗီဒီယိုကလစ်အား အွန်လိုင်းမီဒီယာမှာ ပြန့် နှံ့ နေပါတယ်။

 ဇန်န၀ါရီလ ၂၉ ရက်နေ့ မှာ ခရီးသည်တစ်ဦးဟာ TAXI တစ်စီးကိုငှားစီးရာတွင် ၎င်း TAXI ရဲ့ မီတာဟာပုံမှန်မဟုတ်ပဲ လျင်မြန်စွာပြေးနေသဖြင့် မသင်္ကာ၍ အသေအချာစောင့်ကြည့်ရာတွင် မိမိစကြည့်စဉ် ၂၄၉ ဘတ်မှ တစ်စက္ကန့် လျှင်တစ်ဘတ်နုန်းဖြင့် ဆယ့်ငါးစက္ကန့် အတွင်း ၂၆၅ ဘတ်ဖြစ်သွားသဖြင့် ဆယ့်ငါးဘတ်တက်သွားသောကြောင့် တစ်စက္ကန့် လျှင်တစ်ဘတ်နုန်းဖြင့်စားနေတာကိုတွေ့ ရသည့်အတွက် TAXI နံပါတ်နှင့် မီတာသွားနှုန်းကို ဗွီဒီယိုခိုးရိုက်ထားပြီး ၎င်းဗွီဒီယိုအားမိမိ၏ facebook စာမျက်နှာပေါ်သို့ တင်လိုက်ခြင်းဖြစ်သည်။

 ဒီလိုစက္ကန့် တိုင်းပိုက်ဆံစားနေမယ့်အတူတူ ကျွန်တော်တို့ ရဲ့ပိုက်ဆံအိတ်ကိုယူသွားတာပိုမကောင်းဘူးလားလို့လဲ မကျေနပ်စိတ်နဲ့ ရေးသားပြောဆိုထားပါသေးတယ်။ TAXI သမားတွေရဲ့ယုတ်မာမှုကို သက်ဆိုင်ရာဌာနများမှသိရှိရန်နဲ့ အမြန်ဆုံးရေးယူဆောင်ရွက်ပေးနိုင်အောင် အွန်လိုင်းဆိုရှယ်မီဒီယာများမှ မိမိ၏ post ကိုများများ Share ပေးစေလိုကြောင်း ဖော်ပြထားပါတယ်။

MTF Channel
https://www.facebook.com/mtftv/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment