ဒီတစ်ပတ်အတွင်း Game of Thrones ရုပ်ရှင်ဇာတ်ကား အပိုင်း ၆ ကို အခမဲ့ကြည့်ရှုခွင့်ရရှိမယ်


Game of Thrones ရုပ်ရှင်ဇာတ်ကား အားပေးတဲ့ ပရိသတ်သန်းချီထဲမှာ သင်လည်း တစ်ယောက်အပါအဝင် ဆိုရင်တော့ ဒီတစ်ပတ် အားလပ်ရက်အတွင်း Season 6 ရဲ့ ပွဲဦးထွက်တင်ဆက်မှုကို ကြည့်ရှုခံစားဖို့ တရားဝင်နည်းလမ်း ရှိပါတယ်။ HBO အနေနဲ့ သောကြာနဲ့ တနင်္လာနေ့အတွင်း subscribe မသွင်းထားသူများအဖို့ ၄၈ နာရီကြာ အခမဲ့တင်ဆက်မှု စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါဟာ ရိုးရိုးတီဗီကနေတဆင့်ဖြစ်ဖြစ်၊ လက်တော့ပ်ကနေဖြစ်ဖြစ် ငွေကြေးမကုန်ကျဘဲ တရားဝင်ကြည့်ရှုခံစားနိုင်တဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ အဲဒီအပြင် တနင်္ဂနွေနေ့ ပထမဆုံးအကြိမ် ထုတ်လွှင့်တင်ဆက်မယ့် Veep နဲ့ Silicon Valley မှာ ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။
တီဗီမရှိဘူးဆိုရင် HBO Now ရဲ့ ရက် ၃၀ အခမဲ့တင်ဆက်မှုကို sign up လုပ်နိုင်ပါတယ်။ ဧပြီ ၂၄ ည ၉ နာရီ တီဗွီမှာ ထုတ်လွင့်ပြသတဲ့ တစ်ချိန်တည်း stream ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ယင်းအခမဲ့ စမ်းသပ်တင်ဆက်မှုအပြီး streaming service တစ်လ ၁၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: TIME 
Trend Myanmar
trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment