ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်တတ်တဲ့ အေးမြတ်သူ

ရုပ်ရှင်၊ ဗီဒီယို လောကတွင် နာမည် တစ်ခု တည်ဆောက် နိုင်ခဲ့ပြီး အနုပညာ အလုပ်ပေါ် ထားရှိတဲ့ စိတ်သဘောထားကို အေးမြတ်သူက “အနုပညာ အလုပ်က ဝါသနာ ပါတဲ့ အလုပ်ဖြစ်သလို အသက်မွေး ဝမ်းကျောင်း အဖြစ် လုပ်တဲ့ အလုပ်ဆို တော့ ငြီးငွေ့မှု မပေးဘူး။ အမြဲတမ်း အလုပ်ထဲ မှာပျော်ရွှင် တယ် ။တစ်ခါတလေ အလုပ် မရှိ လို့ အိမ်မှာ နေရင်တောင် ငြီးငွေ့တာရှိတယ်။ဘဝမှာ ဒီအနုပညာ အလုပ်ကြောင့် ငြီးငွေ့မှု မကြုံဖူးဘူး” လို့ ပြောပြခဲ့ပါတယ်။ ဇာတ်ကားရိုက် ကူးမှုအရင်က ထက်လျော့ သွားတာ နဲ့ပတ်သက် ပြီး “အဓိက တော့ အရေအတွက် ကန့် သတ် လိုက်တာပါ။ အရည်အချင်း နဲ့ ပတ်သက်ပြီး အများ ကြီးတော့ မပြောချင်ဘူး။ ကိုယ်တိုင် လည်း အဲဒီလောက် ကြီး မဟုတ်သေးဘူး။ လူတိုင်း က တော့ ကိုယ့် လမ်းကြောင်း နဲ့ ကိုယ်သွားကြတာပါပဲ။ အဓိကက အချိန်တွေ ကြာလာတဲ့ အခါမှာ အရည်အချင်းက ကိုယ့်ကို ဆယ်ထားခဲ့တာပဲလို့ ယူဆပါတယ်” လို့ အေးမြတ်သူက ပြောပြခဲ့ပါတယ်။ အနုပညာ အလုပ်တစ်ခု လက်ခံတိုင်း တိုင်ပင်ဖော်က ဘယ်သူဖြစ် မလဲလို့ မေးကြည့်တော့ “ငယ်ငယ် ကတည်းက ဆုံးဖြတ်ချက် တစ်ခုခုချရင် ကိုယ့်ဟာ ကိုယ်ပဲချတယ်။ မိဘတွေ နဲ့ တိုင်ပင်ရတဲ့ အလုပ်ဆို တိုင်ပင်ပါတယ်။ အဲဒီလို တိုင်ပင်ရတာ ရှားပါတယ်။ မိဘတွေက ပြောထားတယ်။ လောကမှာ ကိုယ်လုပ်၊ ကိုယ်ခံရမှာပဲ။ ကိုယ်က ဆုံးဖြတ်ချက် မှားချလိုက်ရင် အဲဒီ အမှားအတွက် ကိုယ်ခံရမယ်။ အဲဒီ အမှားကို သင်ခန်းစာယူ။ တစ်ယောက်ယောက်ကို အားပဲကိုးရင် မှားသွားခဲ့လို့ သူ့ကြောင့်ဆိုပြီး လက်ညှိုးထိုးရင် မတိုးတက်ဘူး။ တိုင်ပင်တာတော့ ရှားပေမယ့် အကြံဥာဏ်တော့ အမြဲယူတယ်။ အဲဒီ အထဲမှာ ဝေဖန် ပိုင်းခြားတယ်” လို့ ပြောပြခဲ့ပါတယ်။ ထူးထူး၊ ဓာတ်ပုံ-ဝဏ္ဏခွာနီး
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment