ထိုက်စံမော့စ် က အခုနောက် ပိုင်းမှာ ဇာတ်လမ်းတွေကို ကိုယ်တိုင် ရွေးချယ်ဖြစ်ပြီး အချစ် ၊ဖန်စီ၊ ဟာသနဲ့ ပရိသတ် အတွက် အကျိုးရှိမယ့် ဇာတ်ကားတွေ ကို ရိုက်ကူး တာ များကြောင်း ပြောပါတယ်။ ကိုယ်တိုင်ရွေးချယ်တဲ့ ဇာတ်လမ်း ဖြစ်တာမို့ စိတ်တိုင်းကျတဲ့ အတွက် အလုပ်လုပ်တဲ့ အခါပိုပြီး အဆင်ပြေ တာကြောင့် ရွေး ချယ် ရခြင်းဖြစ် ကြောင်း ထိုက်စံမော့စ်က ပြောပါတယ်။
ဇာတ်ကားတိုင်းက မတူတဲ့ ဇာတ်ရုပ်ဖြစ်တဲ့ အတွက် စိန်ခေါ်မှု တွေပဲဖြစ်ပြီး အခက်အခဲ တော်တော်များများ ကိုလည်း ကျော်လွှားနိုင် ခဲ့ကြောင်း ထိုက်စံမော့စ် က ပြောပါ တယ်။ “ဇာတ်ကား ရိုက်တာ များလာလေ ကိုယ့်အတွက် အမှားတွေပို တွေ့လာပါတယ်။ အမှားတွေလည်း ပြန်ပြင် ဖြစ်လာပါတယ်။ ပရိသတ်တွေက ဖိုက်တင်ကားတွေ ရိုက်တာ များတယ် ပြောတယ်။ အချစ်ကား၊ ဖန်စီကားတွေ ရိုက်ဖို့ တောင်းဆိုတဲ့ အတွက် အခု နောက်ပိုင်း ပရိသတ် တောင်းဆိုတဲ့ ကားတွေ ရိုက်ဖြစ်တာ များပါတယ်”လို့ ပရိသတ်တွေ တောင်းဆိုမှု အတိုင်း ရိုက်ကူး သွားမယ့် အကြောင်း ပြောပါတယ်။
ဖခင် အကယ်ဒမီ ရခဲ့သလိုပဲ ကြိုးစား သွားမှာပါ ဆိုတဲ့ ထိုက်စံမော့စ်က “အဖေ့ရဲ့ သားတစ် ယောက် အနေ နဲ့ အနုပညာ အမွေကို ကျွန်တော် ရအောင် ကြိုးစားမှာပါ။ တတ် နိုင်သလောက် အဖေ အကယ်ဒမီ ရခဲ့သလိုပဲကျွန်တော်လည်း ရနိုင်အောင် ဆက်လက် ကြိုးစားသွားမှာပါ။ အဖေ့ နာမည်ကို ဆက်လက် ထိန်းသိမ်းရင်း နဲ့ အဖေ့ နာမည် မပျက်အောင် အဖေ တမလွန် ဘဝကနေ ဂုဏ်ယူရတဲ့ သားဖြစ် အောင် ကြိုးစား သွားမှာပါ” လို့ ပြောပါတယ်။ ထိုက်စံမော့စ်က လတ်တလော မှာ မော့စ်ဗီဒီယို ထုတ်လုပ်ရေး၊ စန္ဒာမင်း ဗီဒီယို ထုတ်လုပ် ရေးများနဲ့ ဇာတ်ကားများ ရိုက်ကူးနေပြီး Sky Net ဇာတ်လမ်းတွဲနဲ့ MRTV-4 ဇာတ် လမ်းတွဲများ အတွက်လည်း ရိုက်ကူးဖို့ ရှိကြောင်း သိရပါတယ်။
ခိုင်ဝေလွင်
Source : popularmyanmar.com
0 comments:
Post a Comment